“မနေ့က ည ၇ နာရီခွဲမှာဖြစ်တာတဲ့။ ကုန်ကားသုံးစီး စစ်တွေကိုအပြန်။ မနေ့ကတော့ ကျေးရွာသားတွေက မီးလောင်တာကိုမြင်တယ်။ သွားမကြည့်ရဲကြဘူး။ ဒီနေ့မနက်သွားကြည့်တော့ ကားသုံးစီးမီးလောင်နေတာကို တွေ့ရတယ်တဲ့။ လူအသေအပျောက်ကိုလည်း မတွေ့ရဘူးလို့ပြောတယ်”

မြောက်ပိုင်း ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် အစိုးရငြိမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာနှင့် ဆင်သေပြင်ကျေးရွာတို့တွင် ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နေအိမ် ၃ လုံး မီးလောင်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း (Koh Tao) ၌ ဗြိတိန်ခရီးသွားစုံတွဲကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ နောက်ဆုံးအယူခံအား ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်က သြဂုတ်လ ၂၉ ရက်နေ့မှာ ပယ်ချလိုက်သည်။

 ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် WY စိတ်ကြွရှုးသွပ်ဆေးပြား ၁၀ သိန်းနှင့်အတူ ဆက်စပ်ကာ ကျပ်သိန်းပေါင်း ၈ သောင်းကျော် တန်ဖိုးရှိသော WY ဆေးပြား စုစုပေါင်း ၂၆ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်လ ၂၈ ရက်နေတွင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။