- Details
- အောင်ထိန်
- Hits: 1028
- ရသေ့တောင်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာမှ ဒေသခံတစ်ဦးအား သြဂုတ်လ ၂၁ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုက လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး ယနေ့ သြဂုတ်လ ၂၃ ရက်နေ့အထိ ပြန်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
- Details
- Admin
- Hits: 611
- မောင်တော
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသွားသူဦးရေ သုံးထောင်ကျော်အား ပြန်လည် လက်ခံရန်စီစဉ်ထားပြီး မြန်မာအစိုးရဘက်မှ ပြန်လည်လက်ခံရန်အတွက် အဆင့်သင့်စောင့်ဆိုင်းလျက် ရှိသော်လည်း နေရပ်စွန့်ခွာသွားသူများမှာ မည်သည့်အတွက်ကြောင့် ပြန်မလာကြသည်ကို မသိရသေးပေ။
- Details
- DMG
- Hits: 725
- ချင်းမိုင်
တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ်ကာလသည် ယခုသြဂုတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် အပစ်ရပ်ကာလသက်တမ်းကို တပ်မတိုးခဲ့လျှင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေးအခင်းအကျင်းကို ထည့်သွင်းစဉ်းစားရန်အရေးကြီးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
- Details
- ကျော်သူဌေး
- Hits: 569
- စစ်တွေ
မြို့မဈေးကြီးအတွင်း ဈေးလမ်းများတွင် ရောင်းသူ၊ ဝယ်သူများပြားလာသည့်အတွက် သွားလာရေးအခက်အခဲများရှိနေသဖြင့် စနစ်တကျဖြစ်စေရန်အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးကျော်မိုးကပြောသည်။
- Details
- မင်းထွန်း
- Hits: 475
- စစ်တွေ
H1N1 ကာကွယ်ဆေး ၁၀၀၀၀ ကျော်ခန့်သာ ရရှိထားသည့်အတွက် ပြည်နယ်အတိုင်းအတာနှင့် လုံလောက်မှုမရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
Page 390 of 615








