ဗောဓိကုန်းကျေးရွာမှ ဦးကျော်လှဦး အသက် ၅၀ နှစ်အား မိုင်းပေါက်ကွဲမှုဖြင့် သြဂုတ်လ ၁၇ ရက် နေ့တွင် မကျည်းကုန်းနယ်ခြားစောင့်ရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာတာဝန်ခံ ဦးထွန်းစိန်က ပြောသည်။

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်းမှာ အစိုးရနှင့်မသက်ဆိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲကာလအတွင်း ဖမ်းဆီးထားသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း(၈) ဦး အပါအဝင် လူ (၉)ဦး ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း  AA ပြောရေးဆိုခွင့်ရှိသူက DMG ကို ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့က တပ်မတော်၏ ထုတ်ပြန်ချက်တွင် အဆိုပါဖမ်းဆီးထားသည့် လူငယ်များထဲမှ (၈) ဦးမှာ ကျောက်တော်မြို့နယ် ပေါက်တောပလောင်ကျေးရွာမှတစ်ဆင့် AA အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခံရသူများဖြစ်ကြောင်း ပါရှိသည်။ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရ်ုနိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များထဲမှာ လူဦးရေသုံးထောင်ကျော်ကို ယခု သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ ပြန်လည်လက်ခံရန်အတွက် နှစ်နိုင်ငံညှိနှိုင်းသဘောတူထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုသည်။