"နိုင်ငံတော်မှာ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့အတိုင်း တပ်မတော်ဟာ မိဖသဖွယ်ထားပြီးတော့ မှန်မှန်ကန်ကန် ပြုလုပ်ပေးစေချင်တယ်။ ကျွန်တော်တို့ကတော့ ကိုယ်မဟုတ်ဘဲနဲ့ စွပ်စွဲခံရတဲ့အတွက် စိတ်မကောင်းပါဘူး၊ အခုလိုစွပ်စွဲခံရတဲ့အတွက် အင်မတန်ဝမ်းနည်းမိပါတယ်"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းအနီးတွင် ယနေ့ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာတွင် ဗိုလ်မှူးကြီး မင်းသန်းအား ပြောင်းလဲခန့်အပ်ရန် ဝန်ကြီးချုပ်မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

မောင်တော-အငူမော်ကားလမ်းရှိ ဝေသာလီကျေးရွာမှ ဥဒေါင်းကျေးရွာအထိ လမ်းပိုင်းတွင် ၈ တန်အထက် ကုန်တင်ကားများသွားလာခွင့်ကို မကြာမီ ပိတ်ပင်သွားမည်ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာအနီး မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ရွှေရင်အေးကျေးရွာသားတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ချုပ်ရမန်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။