မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်ပြီး ရခိုင်ပြည်သူလူထုကို ထပ်မံဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုပေးခြင်း၊ ရခိုင်အမျိုးသားလှုပ်ရှားမှုများကို အနှောင့်အယှက်ပေးခြင်း၊ ပြည်သူလူထုကို စိုးရိမ်ကြောင့်ကြစေခြင်းများကို မပြုလုပ်ရန် ထပ်မံအသိပေးကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သြဂုတ်လ ၁၂ ရက်နေ့ရက်စွဲဖြင့် အသိပေးစာတစ်စောင် ထုတ်ပြန်လိုက်သည်။

တပ်မတော်မှ ရခိုင်ပြည်နယ်တွင် စစ်အရှိန်မြှင့်တင်ထားပြီး AA ကို မသမာသည့် စစ်နည်းမျိုးစုံဖြင့် အပြင်းအထန် ချေမှုန်းတိုက်ခိုက်နေကြောင်းနှင့် တပ်မတော်မှကျူးလွန်မှုများကြောင့် အပြစ်မဲ့ရခိုင်ပြည်သူ ရာနှင့်ချီသေဆုံးကြရပြီး ပြည်သူလူထု ခြောက်သောင်းကျော်မှာ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ရကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် နေလှန်းဆားစားသုံးမှု များပြားလာခြင်းကြောင့် အိုင်အိုဒင်းဆားဓာတ်ချို့ယွင်းမှု အများဆုံးဖြစ်သည့်အတွက် အိုင်အိုဒင်းကြွယ်ဝသည့် အစားအသောက်များကို ရွေးချယ်စားသောက်ကြရန်အတွက် ကျန်းမာရေး အသိပညာပေးရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခိုင်နှင်းဝေက ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် AA နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသူ ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်လှစ်ထားပြီး ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်တရားရုံးမှ ချုပ်ရမန်ရယူခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၃၀) ကျော်ရှိပြီး မြို့နှင့်အလှမ်းဝေးကွာသော စစ်ဘေးရှောင်စခန်းများကို ကူညီရန် သွားရောက်ရာတွင် ဟန့်တားခံရမှုများရှိနေကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်ကပြောသည်။