ရက္ခိုင့်တပ်တော် AA နှင့် ဆက်သွယ်မှုဖြင့် ဖမ်းစီးခံထားရသော လူငယ် ၁၁ ဦးထဲမှ ၄ ဦးမှာ ယနေ့သြဂုတ်လ ၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲစခန်း၌ မိသာစုဝင်များနှင့် တွေ့ခွင့်ရခဲ့သည်ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် ဦးမောင်မောင်သန်းက ပြောသည်။

တပ်မတော်မှမသင်္ကာ၍ ခေါ်ယူစစ်ဆေးရာတွင် ကျောင်းဆရာနေဇော်လင်း ကိုင်ဆောင်သည့်ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏လှုပ်ရှားသွားလာမှုအား AA တပ်ဖွဲ့ဝင်များထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့်စာများအားတွေ့ရှိကြောင်း တပ်မတော်မှထုတ်ပြန်ထားသည်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့အတွက် သွားခွင့်မပေးနိုင်ဘူးဆိုပြီး အထက်ကပြောတယ်လို့ ပြောပါတယ်။ ပြည်သူတစ်ယောက်ရဲ့အခွင့်အရေး၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံမှာ အတိအလင်း ပြဋ္ဌာန်းထားပါလျက် အခုလို ပြည်သူတွေကို သွားလာခွင့်မပြုတာဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ပြောလို့ရပါတယ်” 

စစ်တွေကွမ်းရွက်ဈေးကွက်ကို ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်များက အဓိက တင်ပို့နေကြခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသဖြင့် စစ်တွေမြို့သို့ ကွမ်းတင်ပို့မှု နည်းပါးနေခြင်းဖြစ်ကြောင်း ကွမ်းရောင်းချသူများကပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦးတို့ကို တပ်မတော် စစ်ကြောင်းတစ်ခုမှခေါ်ဆောင်သွားစဉ် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မိုင်းထိမှန်ပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိသွားကြောင်း မိသားစုဝင်များထံမှသိရသည်။