“ဒီလိုအကျပ်အတည်းအောက်မှာ မူလတန်းကနေ အ.ထ.က အထိကျောင်းပေါင်း(၅၀) ကျော်ဟာ ပါဝင်နေပါတတယ်။ ကျောင်း (၂၀) ဟာဆိုရင် ပြန်လည်ဖွင့်လှစ်မည့် အလားအလာမရှိတော့ပါဘူး။ ဒီကျောင်းကကျောင်းသားတွေဟာ ဗုံးသံသေနတ်သံကြားမှာ ထွက်ပြေးလားတဲ့အတွက် အိမ်ထောင်စုစာရင်းမရှိ၊ ကျောင်းထွက်လက်မှတ်မရှိ ၊ ကျောင်းဝတ်စုံနှင့်စာရေးကိရိယာလည်းမရှိ ၊ ကျောင်းဝတ်စုံမရှိဖြစ်နေပါတယ်။ အဓိကလိုအပ်တာက ကျောင်းတွေဖွင့်လှစ်ပြီး ဒီတစ်နှစ်တာပညာ သင်ကြားခွင့်ရစေချင်ပါတယ်”

ဂွမြို့နယ် ချောင်းသာကြီးကျေးရွာအုပ်စု အုန်းပင်ချောင်းဝအနီး ချောင်းရေလည်ဝဲတွင်ကျရောက်မှုကြောင့် စက်လှေတစ်စီးအရှိန်မထိန်းနိုင်ဘဲနစ်မြုပ်မှု သြဂုတ်လ ၄ ရက်နေ့တွင်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးမှာ ယနေ့အချိန်ထိ ပျောက်ဆုံးလျက်ရှိသည်။

“အားလုံးပူးပေါင်းပါဝင်ပြီးတော့လုပ်ရင် ဒီလိုနှစ်စဉ်ရေမြုပ်နေတာကတော့ ကင်းလွတ်နိုင်မှာမဟုတ်ဘူး ။ အဓိကတော့ လို့ပြောချင်တယ် ။ ထွေအုပ်က ညွှန်ကြားပေးရမှာ ဖြစ်ပါတယ်။ ထွေအုပ်ကဒါကို မားမားမက်မက် သူ့အလုပ်တွေလို သူအုပ်ချုပ်တဲ့အတွက် တစ်မြို့နယ်လုံးကိုသူ့မှာတာဝန်ရှိတယ်။ သူကပြောရမယ်။ ဒါတွေကို မမြင်ယောင်ဆောင်ပြီး လုပ်နေတာကို တို့ကထောက်ပြတာဖြစ်တယ်”

“ဘာမှ မတားမြစ်ဘူး။ အဲဒီလက်ခုပ်တို့ ဒီဘက်စိတ္တရတို့ အဲဒီရွာတွေက အစကတည်းက AA နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေ။ ရွာထဲမှာ လူမရှိတော့ဘူး။ သလူချောင်းတို့ဘာတို့ဆိုတာကြာပြီ။ ကျွန်တော်တို့တပ်က ဘာမှ လုပ်တာမရှိဘူး။ တပ်က မင်းဖူးတောင်ရဲ့ အရှေ့ဘက်တောင်ကြောမှာ နယ်မြေရှင်းလင်းရေးလုပ်နေတာ ”

“လောလောဆယ် စခန်း ၈ ခုရှိတယ်။ အဲဒီစခန်း ၈ ခုမှာ စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်ရှိတယ်။ ကျန် ၂၀၀၀ ကျော်တော့ မိသားစုအိမ်တွေမှာနေကြတယ်။ လက်ရှိမှာ တိုက်ပွဲဖြစ်လား၊ မဖြစ်ဘူးလားတော့မသိဘူး။ လောလောဆယ်မှာတော့ မင်းပြားတပ်က လက်နက်ကြီးပစ်နေတာ ၁၀ ကျော်ရှိနေပြီ”