“အရင်တုန်းကဆိုရင် ပန်းရံလုပ်သွားတယ်ဆိုရင် ၁၂ နာရီထိုးတဲ့အခါ ထိုးသွားတယ်။ ပန်းရံအလုပ်ဆိုတာက ချက်ချင်းကြီးလုပ်ထားခဲ့လို့ မရဘူးလေ။ အခု သူတို့ရှိနေတယ်ဆိုရင် ၆ နာရီဆိုပြန်လာရပြီ ။ ၅ နာရီ ၆ နာရီလောက်ဆိုရင် အလုပ်လုပ်လို့ အဆင်မပြေတော့ဘူး”

“ခွင့်ပြုချက်တင်ပေးတာကိုတော့ ခွင့်ပြုချက်ရစေချင်တယ်။ ကျွန်တော်တို့ အဲဒီခွင့်ပြုချက်တစ်ခုပဲလိုချင်တယ်။ အစိုးရကိုပြောချင်တာတော့ ကျွန်တော်တို့က ပရဟိတဖြစ်နေတဲ့အတွက်ကြောင့် ခွင့်ပြုချက်တစ်ခုတည်း လိုအပ်ချက်ရှိနေတယ်။ ခွင့်ပြုချက်ရမှ ကျွန်တော်တို့ အလုပ်စပြီးလုပ်လို့ရမယ်” 

ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ် ၁၁ ဦးအား ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ လူငယ် ၈ ဦးမှာ စစ်ဆေးချက်အရ AA သို့ဝင်ရောက်ရန် စည်းရုံခံခဲ့ရသူများဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် တရားဥပဒေ အရ အရေးယူနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်မရဲစခန်းတွင် စစ်ဆေးနေကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

တပ်မတော်သားများအနေဖြင့် ဘုရားတွင်နေထိုင်ခြင်းမရှိဘဲ ဗုဒ္ဓဘာသာဝင်များဖြစ်၍ ဘုရားတွင် သန့်ရှင်းရေး လာလုပ်ခြင်းသာဖြစ်နိုင်ကြောင်း အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် AA လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အပေါ် ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့စခန်းမဟုတ်ကြောင်း ငြင်းဆိုသည်။