“ကားသမားတွေကလည်း ကားမှာ လူမရဘူးဆိုရင် မထွက်ရတဲ့နေ့တွေ များတယ်။ ကားတွေမှာ လူရမှ နည်း နည်းပါးပါး ရောင်းလို့ကောင်းတယ်။ ကားတွေမှာ လူမရဆိုလို့ရှိရင် ရောင်းလို့ မကောင်းတော့ဘူး။ ခရီးသည် တွေရောက်မှ  ရောင်းရတာမှာ။ ကားတွေကို မီခိုပြီး ရောင်းစားနေတာမှာ ကားတွေမှာ စီးမယ့်လူတွေမှ မရောက်ဘူးဆိုရင် မရောင်းရတော့ဘူး”

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

၎င်းပစ်ခတ်မှုမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်ကို ဆက်သွယ်ထားသည့် မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကိုချစ်သူအောင် (၂၆) နှစ်မှာ ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ဘင်္ဂလာဒေရှ့်နိုင်ငံဘက်ကို ရောင်းသူဈေးကွက်အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် ကညင်ချောင်းစီးပွားရေးဇုန်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်း (၉) ခုပါဝင်မည်ဖြစ်ကာ လက်ရှိမှာ လုပ်ငန်း (၆) ခုပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးအနားကျေးရွာများမှာ စာသင်ကျောင်း ၅ ကျောင်းကို ယာယီပိတ်ထားရသည်ဟု ဘူးသီးတောင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမောင်ဝင်းနိုင်က ပြောသည်။