စစ်တွေ - မင်းဘူး ရထားလမ်းဖောက်လုပ်ရာတွင် ကျောက်တော်မြို့နယ်မှ လယ်ယာမြေသိမ်းဆည်းခံရသူများကို လျှော်ကြေးငွေပေးရန်အတွက် ငွေကျပ် (၆၀၂) သန်းကျော် ရရှိထားသည်ဟု ရခိုင်ပြည်နယ် ရထားလမ်းစီမံကိန်းမန်နေဂျာ ဦးဝင်းထွဋ်က DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာတွင် ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် (၁၄) ဆောင်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာအနီးတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွာသားအမြောက်အများ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံများထံက သိရသည်။

ထောင်ဒဏ် နှစ်(၂၀)ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှု အယူခံလျှောက်ထားချက်ကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့က  ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပလပ်လိုက်သည်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်လူငယ် (၉) ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ချုပ်ရမန်ယူခဲ့သည်။