- Details
- Admin
- Hits: 1156
- ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်းချောင်း နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခဲ့သည့် တိုက်ပွဲတွင် အနီးပတ်ဝန်းကျင်ကျေးရွာက မွတ်ဆလင် (၃)ဦးနှင့် ရခိုင် (၁)ဦး ကျည်ဆန်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက DMG ကိုပြောသည်။
- Details
- Admin
- Hits: 2268
- ဘူးသီးတောင်
အဆိုပါ နယ်ခြားစောင့်စခန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူးပေါင်းနေပြီး ယခုရက်ပိုင်းတွင် ဒေသခံများကို မတရားဖိနှိပ်၊ ခြိမ်းခြောက်အနိုင်ကျင့်မှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ရခြင်းဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
- Details
- Admin
- Hits: 1676
- ရသေ့တောင်
ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး မူလတန်းဆရာမ ဒေါ်မြသိန်းတန်အပါအဝင် ရွာသား (၈၀၀)ခန့်အား အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့သည်။ တခြားသူများကို ယင်းနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဆရာမကို ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေပိုင်းတွင်သာ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
- Details
- Admin
- Hits: 1280
- ရသေ့တောင်
ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြိုင်ကို ဆက်သွယ်ထားသည့် တံတားအနီး ယနေ့ဇူလိုင်လ ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် မိုင်း (၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တပ်မတော်က ချွတ်ပြင်ကျေးရွာသို့ ဝင်ရောက်လာခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
- Details
- Admin
- Hits: 1615
- စစ်တွေ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အကူအညီရရှိမှု နည်းပါးလာသည်ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက ပြောသည်။
Page 410 of 615






