ဇူလိုင်လ ၁၉ ရက်နေ့က စစ်တွေမြို့၊ပြည်တော်သာရပ်ကွက်တွင် အလင်းတံခါးအဖွဲ့ အလှူငွေကောက်ခံနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ယူခဲ့သောကြောင့် ၎င်းတို့လည်း ဆက်လက်အလှူခံခြင်းမပြုဘဲ မိမိနေအိမ်သို့ ပြန်လှည့်သွားကြသည်။ သို့သော် ညနေပိုင်းတွင် အဖွဲ့အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် (၈) ဦးတို့ကို ရဲတပ်ဖွဲ့က နေအိမ်အသီးသီးမှ လာရောက်ခေါ်ယူကာ ရဲစခန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“AA သမိုင်းကြောင်း သိကောင်းစရာ” စာအုပ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနှင့်ပတ်သက် ပြီး အချက်လက် မှားယွင်းစွာ ရေးသားခဲ့သည့်အတွက် စာရေးဆရာ သောင်းဝေဦးက ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တောင်းပန်လိုက်သည်။

ရေဘေးဒဏ်ဖြစ်ပေါ်နိုင်ခြေရှိသည့် နေရာများရှိ ရွာများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူစခန်းများတွင် နေထိုင် သော မွတ်ဆလင်များမှာ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရမှုကြောင့် ရေဘေးဒဏ်ခံရပါက ပိုမို ထိခိုက် လွယ်သည့် အခြေအနေတွင်ရှိသောကြောင့် စိုးရိမ်ပူပန်မှုအချို့ရှိနေသည်ဟု အစီအရင်ခံစာတွင် ရေးသားထားသည်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ လူ(၃)ဦး၊ ကျောက်တော်မြို့နယ်မှ လူ (၁) ဦး သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် လူ့အခွင့်အရေးနှင့်အညီ ကူညီဆောင်ရွက်ပေးရန် ဦးဦးထွန်းဝင်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်ကို ပြီးခဲ့သည့်ဇွန်လက တင်ပြခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရခိုင်ပြည်နယ်အတွင်းမြို့နယ် ၃ ခုနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲ ၄ နေရာထိဖြစ်ပွားခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခထံမှ သိရသည်။