ကျောက်တော်မြို့နယ်၊ငပျောချောင်းကျေးရွာမှ အမျိုးသမီး တစ်ဦး ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊နေ့လည်က မိုင်းထိသွား၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေး၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သတင်းမှန်များကို ထုတ်ပြန်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် တည်ရှိသော နန်းရာကုန်း(နန်းတော်ကုန်း) ဒုတိယအထပ် အရှေ့တောင်ဘက်အခြမ်းတွင် ဇူလိုင် ၁၈ ရက်နေ့ နံနက် ၁၀နာရီခန့်က မြေမြှုပ်မိုင်းတစ်လုံး တွေ့ရှိရသည်ဟု ဒေသခံများကပြောသည်။

“ကျွန်မတို့က ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်။ပြည်သူ့အသံကို လွှတ်တော်ထဲကိုသွင်းဖို့လည်း တာဝန် လည်းရှိတယ်။တာဝန်လည်းယူထားတယ်။ အဲဒီအတွက်ကြောင့် လတ်တလောဖြစ်ပျက်နေတဲ့ အဆိုတစ်ခုမို့လို့ အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဌဘက်က ပယ်ချခဲ့တာက ဒီအဆိုဟာ လောလောဆယ်မှာ (အင်တာနက်)ပိတ်ထားတာလည်း ၁ လနီးပါးရှိသွားပြီ။ လောလောဆယ်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုကိုလည်း ကျွန်မတို့သိရပါတယ်”

“အဓိကတော့ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်ကတော့ လက်နက်ကြီးပစ်ခဲ့တာကြောင့် စေတီမှာ အက်ကွဲခဲ့တယ်။ မိုးရွာတော့ အက်ကွဲသွားတဲ့ နေရာတွေကိုရေ တွေစိမ့်ဝင်တာကြောင့် စေတီမှာ အတွင်း၊အပြင် တစ်ခြမ်း ပြိုပျက်သွားတယ်”