စင်္ကာပူနိုင်ငံမှ ရခိုင်လူမျိုး (၆) ဦးကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့ရှိ စင်္ကာပူသံရုံးနှင့် မြန်မာသံရုံးရှေ့တွင် ဇူလိုင်လ (၁၅) ရက်၊ တနင်္လာနေ့ နံနက် ၁၁ နာရီနှင့် နေ့လည် ၂ နာရီတို့တွင် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်သည်။

“အဓိကတော့ စစ်ဘေးရှောင်တွေဟာ မိုးတွင်းကာလမှာ နေဖို့ထိုင်ဖို့အခက် အခဲရှိနေ တဲ့အတွက်ကြောင့် နေဖို့ထိုင်ဖို့အိမ်ရာတွေကို အမြန်ဆုံးဆောက်လုပ်ပေးဖို့အတွက်ကို အစိုးရကိုတိုက်တွန်းပေးပါဆိုပြီး မှာကြားလိုက်ပါတယ်” 

စင်္ကာပူအစိုးရအနေဖြင့် အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ချမှတ်ထားသော ဥပဒေဘောင်ထဲမှ လုပ်ဆောင်သွားသည်ဟု ဆိုသော်လည်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသော အသုံးအနှုန်းနှင့် ကိုးကားချက်များမှာ မိမိတို့အဖွဲ့အစည်းနှင့် ရခိုင်တစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု AA ကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မောင်ချမ်းအေးအပါအဝင် သရက်တပင်ကျေးရွာသားတစ်ဦးနှင့် မဟာမုနိကျေးရွာသား (၂) ဦးတို့ကို ကျောက်တော်မြို့မရဲစခန်းက ဖမ်းဆီးခဲ့ကာ ယင်းအထဲမှ (၂)ဦးမှာ မတ်လအတွင်းက လွတ်မြောက်သွားခဲ့ပြီးနောက် ယခု နောက်ထပ် သရက်တပင်ရွာသားတစ်ဦး ထပ်မံ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင်တပ်တွေအနေနဲ့ ရွေးကောက်ပွဲအနီးကပ်ကာလမှာ ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲတွေ ဖော်ဆောင်လာမယ့်အပေါ် တစ်နည်းအားဖြင့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်မယ့်  စစ်ရေးလှုပ်ရှားမှုတွေ ပေါ်လာရင်တော့ အခက်အခဲတွေ့နိုင်တယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ  ပြောရမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့ အခြေအနေမှာရှိပါတယ် ”