“မိုးကအဆက်မပြတ်ရွာ နေတယ် ။မြစ်ရေကလည်းတိုးလာတော့ ဆက်လက်ရေပိုကြီးလာနိုင်တယ်။ရေအများကြီး တက်လာ ရင်တော့ မြို့ပေါ်ကလူတွေလည်း ဒုက္ခရောက်လာနိုင် တယ်။လူနေအိမ် အောက်မှာ လည်း ရေတွေဝင်နေတယ်။ဆက်လက်ပြီးတက်လာရင်တော့အန္တရာယ် ရှိနိုင်တယ်” 

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင် လေးမြို့မြစ်အနီးတွင်ရှိသည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကို ရေလွှမ်းမိုးမှုရှိနေသောကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်နေကြသည်။ ယင်းစခန်းတွင် တဲအိမ်ပေါင်း (၄၀၀)ကျော်ခန့်ရှိပြီး ရေဘေးဒဏ်က လွတ်မြောက်ရန် ယင်းတဲအိမ်များကို ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် လိုအပ်နေသည်။

ရခိုင်ပြည်နယ်သည် ယခင်က ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုရှိခဲ့သဖြင့် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ယခု ထိုသို့ မဖြစ်အောင်အတွက် ကြိုတင်အစီအမံများပြုလုပ်ရန် လိုအပ်သောကြောင့် ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်အရ  ဆွေးနွေးမှုပြုလုပ်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်က မြို့နယ် (၈)ခုတွင် အင်တာနက်ဖြတ်တောက်ခံထားရမှုမှာ  ယနေ့ဇူလိုင်လ ၁၁ ရက်နေ့ဆိုလျှင် ရက်ပေါင်း ၂၀ ရှိပြီဖြစ်သော်လည်း ပြန်ဖွင့်မည့် အစီအစဉ် ရှိ၊မရှိ မသိရှိရသေးပေ။

“ရွာထဲကို ရေဝင်လာတယ်။ ရေက ၃ ပေကနေ ၆ ပေအထိ နစ်မြုပ်နေပါပြီ။ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် ရွာမှာ နေကြီးနေတာကို အင်တာနက် စာမျက်နှာမှာ တင်လို့မရဘူး” ဟု အိုးပျဉ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်လူက ပြောသည်။