ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အကြမ်းဖက် ခံရသူများ တရားမျှတမှုရရှိရေးအတွက် အစိုးရမှ အလေးထားဖြေရှင်းရန်လိုအပ်နေကြောင်း အမျိုးသမီး အခွင့် အရေးလှုပ်ရှားသူများက တိုက်တွန်းပြောဆိုကြသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေးကို ခြိမ်းခြောက်နေသည့် ဥပဒေပြဋ္ဌာန်းချက်များကို ပြုပြင်ပြောင်းလဲရန်အတွက် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် အစိုးရကို တင်ပြတောင်းဆိုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်း အိမ်ခြံမြေဈေးများမှာ ငါးနှစ်အတွင်း သုံးဆကျော်ထိ မြင့်တက်လာပြီး ဈေးနှုန်းထိန်းညှိနိုင်ရေးအတွက် ပြည်နယ်အစိုးရဆောင်ရွက်နိုင်သော်လည်း အခက်အခဲများရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်မြင့်က ဆိုသည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရည်မှန်းချက် များနှင့် တူညီကြခြင်းကြောင့် နောင်အနာဂါတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီ(၄၈)ခုအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည့် အထဲတွင် ပါတီ(၁၄)ခုက ပူးပေါင်းပါဝင်မည်ဟု အကြောင်းပြန်စာကို လက်ခံရရှိကြောင်း NLD ပါတီမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများ မတရားဖမ်းဆီးခံရမှု၊ ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံးနေမှုများ၊ အင်တာနက်ဖြတ်တောက်ခံရမှုများ စသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တောင်းဆိုကြသည်။