“ကျွန်တော်တို့မှာ အခု မှတ်ပုံတင်ပဲ ပါလာတယ်။ ဒီမှာ အထောက်အထား လုပ်ဖို့အတွက် အိမ်ထောင်စုစာရင်း တောင်းနေပါတယ်။ အထောက်အထားလုပ်ဖို့အတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းစာရွက် လိုပါတယ်။ အိမ်ထောင်စုစာရင်း မပါလာသူတွေက ဘတ်ငွေ (၃၀၀၀) စီပေးရပါမယ်။ နှစ်ခုလုံး မပါလာတဲ့သူတွေက ဘတ်ငွေ (၆၀၀၀) ပေးရပါမယ်။ ငွေမကုန်သင့်ဘဲ ကုန်နေရပါတယ် ”

“ ဒီဝန်ကြီးဌာနမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်။ ဒီမှာ လူဝင်မှုကြီးကြပ်ရေးက ပါလာတယ်။ လက်ရှိရှိနေတဲ့ အနေအထားမှာ ဒီဝန်ကြီးဌာနဖွဲ့စည်းလိုက်ခြင်းအားဖြင့် အခြေနေတွေဟာ ပိုပြီးတော့ နိုင်ငံတော်ရဲ့အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာ ရေရှည် တည် တံ့ခိုင်မြဲရေးကို တစ်စုံတစ်ရာထိခိုက်လာနိုင်မလားလို့ စိုးရိမ်မှုတွေနဲ့ ကန့်ကွက်ကြတယ်လို့မြင်ပါတယ်  ”

“မြင်သာတဲ့နေရာကတော့ မျက်နှာပဲ။ မျက်နှာက ဖူးရောင်နေတယ်။ မျက်စိတွေ နီရဲနေတယ်။ တခြား ပေါင်တွေမှာ သူတို့လမ်းလျှောက်လို့ သိပ်မရဘူး။ စောမောင်သန်းမှာလည်း မျက်စိနှစ်ဖက်လုံးမှာ ညိုမဲဒဏ်ရာတွေနဲ့။ ရမန်ယူတဲ့အခါ မင်းတို့မှာ ဒီဒဏ်ရာတွေ ဘယ်လိုရတာလဲလို့ တရားသူကြီးက မေးတယ်။ သေနတ်ဒင်တွေနဲ့ထုလို့ ဒဏ်ရာရတယ်လို့ ဖြေတယ်။ (ကျနော်က)တရားသူကြီး မေးလို့ ဖြေတာကို ကြားလိုက်ရတာ”

“ရွာကလူတွေ ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်။ တချို့ ရွာကလူတွေ ထွက်ပြေးသွားကြပြီ ။ ကျွန်တော်ကတော့ ရွာလုံခြုံရေးအတွက် စိုးရိမ်ပြီးတော့ စောင့်ကြည့်နေရသေးတယ်”

“သေဆုံးသွာတဲ့သူက ဒီပေါက်တောပြင်ကျေးရွာမှာ နေတာ ၄၊ ၅ လောက်ရှိပြီ။ ဝေသာလီရွာ ဘုရားမှာ လက်သမားလုပ်နေပြီး ရွာကို ထမင်းစားဖို့လာတဲ့အခါ လမ်းမှာ စစ်တပ်နဲ့တွေ့တော့ ဖမ်းဆီးခံရတာ ”