စစ်တွေမြို့၊ဆတ်ရိုးကျချောင်းဝအနီးတွင် ကျောက်ချရပ်နားထားသော တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲ ရေယာဉ်တစ်စီးကို ဇွန်လ ၂၂ ရက်နေ့၊နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သဖြင့် စစ်သည် ၂ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။

 “ ဒီနေ့မနက် ဥယျာဉ်ခင်းကိုသွားတဲ့အခါ ဥယျာဉ်အဝင်လမ်း ချောင်းနားက တောလမ်းကိုရောက်တဲ့ အခါ မိုင်းနင်းမိတာပါ။ နှစ်ဦးမှာ တစ်ဦးထိတာပါ။ အခု လူနာကို သယ်ယူဖို့သွားနေတယ်လို့ သိရပါတယ်။ ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ် ”

မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ် တို့တွင် MPT ၊ Mytel ၊ Telenor နှင့် Ooredoo တို့၏ အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ဖုန်းပြောဆိုခြင်းနှင့် မက်ဆေ့ပို့ခြင်းများကိုသာ ပြုလုပ်နိုင်တော့သည်ဟု သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

စာရေးဆရာ သောင်းဝေဦးရေးသားထုတ်ဝေသည့် “ရခိုင်ပြည်နယ်အတွင်းမှ AA တို့တိုက်ခဲ့သော တိုက်ပွဲများနှင့် AA သမိုင်းကြောင်း သိကောင်းစရာများ” စာအုပ်တွင် ပါဝင်သည့် ဓာတ်ပုံအချို့ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သဖြင့် ဥပဒေအရ အရေးယူနိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့သည်။

လေးမြို့မြစ်ရေသည် နှစ်စဉ်  မြစ်ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိပြီး  လက်ရှိတွင် မြစ်ရေမှာ စစ်ဘေးရှောင်နေအိမ် အောက်ခြေထိ ရောက်ရှိနေသည့်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက DMG ကို မိန့်ကြားသည်။