ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံး မြေကြီးထဲတွင်မြုပ်နေသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်တွင်၂၀၁၇ ခုနှစ်က စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာမှုကင်းရှင်းအောင် ဆောင်ရွက်လာပြီးနောက်ပိုင်း အောင်ချက်ရာခိုင်နှုန်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကာ ယခု ၂၀၁၉ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၂၃.၉၇ ရာခိုင်နှုန်းအထိရှိလာသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ထုတ်ပြန်လိုက်ပြီး ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် တိုးတက်လာပြီး (၆)ဘာသာဂုဏ်ထူးရှင် ၁၆ ဦးပါဝင်သည်။

မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တပ်မတော်က ဖမ်းဆီးစစ်ဆေးသဖြင့် အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု အကြောင်းပြချက်များဖြင့် ကျောက်တော်မြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၆)ဦး  နှုတ်ထွက်သွားကြသည်။

ပေါက်တောပြင်ကျေးရွာ အနီးအနားတွင် ဇွန်လ (၆) ရက်နေ့က စတင်ကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောင်းသူ/သားများမှာ ကျောင်းကို မသွားရဲကြဟု ပေါက်တောပြင်ကျေးရွာမှ  ကျောင်းအုပ်ဆရာကြီး ဦးမောင်ဝင်းကြိုင် ကပြောသည်။