မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် ရွာသားများ ခိုလှုံနေကြသည့် ဘုန်းတော်ကြီးကျောင်းသို့ ဇွန်လ ၃ ရက် ညနေ ၃ နာရီခန့်တွင် လက်နက်ကြီး ကျည်ထိမှန်သောကြောင့် ရွာသား (၄) ဦးသေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် လူ ၅ ဦးခန့် ဒဏ်ရာရရှိသွားသည်။

မင်းပြားမြို့နယ် ရွှေတမာကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၂ ရက် နေ့လည် ၂ နာရီခန့်က စတင်ကာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွာသူ ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။

တပ်မတော်က ဦးစွာအစပြုပြီး ရခိုင်ပြည်နယ်အပါအဝင် တစ်ပြည်လုံးတွင် ထိုးစစ်ရပ်စဲကြောင်း ကြေငြာပေးရန် ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေးစကားဝိုင်းတွင် ပါတီနှင့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ခန့်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

ပြည်နယ်အတွင်း အင်အားကြီးမားသည့် ရခိုင်အမျိုးသားပါတီ(ANP)သည် မူဝါဒရေးရာ ဦးဆောင်ကော်မတီ တစ်ရပ်ကို ပါတီဗဟိုညီလာခံတွင် ဖွဲ့စည်းလိုက်ပြီး ထိုကော်မတီသည် ပါတီ၏ မူဝါဒများကို ချမှတ်၊ ဆုံးဖြတ်မည်ဖြစ်ကာ ပါတီဥက္ကဌပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာသည့် ရွှေမန်းရတနာ ခရီးသည်တင်ကားတစ်စီးသည် မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာအလွန်၌ မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးမှုတစ်ချို့ ရှိခဲ့သည်။