“ ၈ နာရီခွဲလောက်က ရွာဆော်က ဟောတယ်။ ရွာမှာရှိတဲ့ ယောက်ျား၊ မိန်းမအားလုံး စာသင်ကျောင်းကွင်းကို ထွက်လာပါလို့။ ဒါကြောင့် ရွာထဲမှာရှိတဲ့ လူတွေအားလုံးက စာသင်ကျောင်းကွင်းကို ထွက်သွားပါပြီ။ အခုတော့ စာသင်ကျောင်းဘောလုံးကွင်းမှာ ထိုင်ခိုင်းထားတယ် ” 

“အခုကောက်ဦးချပွဲမှာ စိုက်ပျိုးမယ့် ကောက်ပဲသီးနှံတွေဖြစ်တဲ့ ကောက်ညှင်းစပါး၊ ကောက်ကြီးစပါးတွေနဲ့ တောင်ယာမှာစိုက်ပျိုးမယ့် သခွါး၊ ဖရုံ စတဲ့ မျိုးစေ့တွေကို စုပေါင်းပြီး ဝက်သွေး၊ ကြက်သွေးတွေနဲ့ ရောနှောရတယ်။ ရောတဲ့အထဲမှာ ကြက်အစာထုတ်ကိုပါ အဓိကထားပြီး ထည့်ရောရပါတယ်။

“ကျွန်မတို့က တိုင်းပြည် အခြေအနေမကောင်းဘူး။ ရသေ့တောင်ကျောက်တန်းမှာ ပစ်ကြတယ် သတင်းကြားလို့ ကျွန်မတို့လည်း တပ်ကလာရင် ဒီလိုဖြစ်မလားလို့ ကြောက်လို့လာခဲ့ကြတာပါ” ဟု ပြင်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက DMG   ကို ပြောသည်။

“ မြို့နယ်မှာရှိတဲ့ ပါတီဝင်တွေကလည်း မကျေနပ်ဘူးနော်။ ဒါက အင်မတန်ခံစားရတယ်။ မတော် မတရားလုပ်တယ်လို့ ခံစားရတဲ့အတွက် အခုလို အစည်းအဝေး တစ်ရပ်ခေါ်ပြီး မြို့နယ်မှာ ရှိတဲ့ ပါတီဝင်တွေအားလုံး နုတ်ထွက်တဲ့ဟာကို ဥက္ကဌကိုယ်တိုင် တံဆိပ်ရိုက် လက်မှတ်ထိုးပြီး ကျနော်တို့ ဗဟိုကိုလည်း ပို့သွားပါမယ်။ ဒီဟာသည် ပါတီအတွင်းမှာ အာဏာရှင်ဆန်စွာ လုပ်ခြင်းရဲ့ တန်ပြန် အကျိုးသက်ရောက်မှုလို့ပဲ ပြောချင်ပါတယ်”

AA အနေဖြင့် အရပ်သားများကို ပြန်ပေးဆွဲ၊ ခြိမ်းခြောက်မှုများ၊ ကျေးရွာ၊ မြို့ပြအနီးတို့တွင် စစ်ဆင်ရေးများလုပ်ပြီး အရပ်သားများကို အန္တရာယ်ထဲကျအောင် လုပ်ဆောင်မှုများ၊ ကျည်တစ်စောင့်စီပါသည့် ခြိမ်းခြောက်စာပေးပို့မှုများ ရှိခဲ့သည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။