“တိုက်ပွဲဖြစ်ပွားတဲ့အခါ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို ဘုန်းကြီးချောင်းနားက ချောင်ကမ်းစပ်မှာတွေ့တော့ ထုကြည့်တယ်။ အဲဒီမှာပေါက်ကွဲပြီး ထုတဲ့ကလေးပွဲချင်းပြီးသေတယ်။ ကျန်တဲ့နှစ်ဦးကတော့ ခြေလက်တွေမှာ ကျည်စတွေထိမှန်သွားတယ် ”

“ကစ္စပနဒီကို နေ့စဉ်ပြေးဆွဲဖို့ဆိုတဲ့ဥစ္စာကတော့ မဖြစ်နိုင်ဘူး။ ကျောက်ဖြူကသင်္ဘောနဲ့ စစ်တွေကို ထွက်မယ်ဆိုရင် တစ်ကြောင်းကို ဂါလံ(၄၀၀)လောက်ကုန်တယ်။ အဲဒီဆီစရိတ်တောင် ကာအောင် ဆွဲနေရတယ်။ တစ်ဖက်မှာလည်း ပုဂ္ဂလိကယာဉ်တွေကိုလည်းပဲ လမ်းကြောင်းဖွင့်ပေးရမယ်။ ဒါကို ကျောက်ဖြူနဲ့စစ်တွေကို အမြဲတမ်းရှိနေအောင်ကတော့ ပုဂ္ဂလိတွေနဲ့ ညှပ်ပြီးတော့ပြေးဆွဲသွားဖို့ အစီအစဉ်တွေရှိပါတယ် ”

“ကျနော်တို့မကျေနပ်တာက သူတို့က လူနာမိသားစုဝင်တွေ တစ်ယောက်မှ မရောက်သေးဘဲ အလောင်းကို ပြောင်းရွှေ့တာတွေ လုပ်တယ်။ ဒါကမဖြစ်သင့်ပါဘူး။ စခန်းမှူးကိုယ်တိုင်က လက်ရာခြေရာတွေဖျောက်၊ အဲလိုလုပ်ထားတယ် ” ဟု ဦးထွန်းဝေကပြောသည်။

“ ကျနော်တို့အစိုးရအနေနဲ့ကတော့ အရေးယူမယ့်အပိုင်းကို အစည်းအဝေးလုပ်ပြီး ပြောတာတော့ မရှိပါဘူး။ ဒါပေမဲ့စိစစ်ကြပ်မတ်ပြီးတော့ ဒီခရီးသည်တွေကို အများမတင်ဖို့ လုပ်ဆောင်ပေးမှာပေါ့။ အရေးယူမယ်မယူဘူးဆိုတာကို ပြောလို့မရသေးဘူးပေါ့။ နောက်တစ်ခုက သူတို့အဲဒီစီစစ်ကြပ်မတ်မှုကို လက်မခံဘူးဆိုရင်တော့ တစ်မျိုးပေါ့ ”

အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး တံတား၌ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးအား တူမီးသေနတ် ၁ လက် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။