“ကျနော်တို့ နုတ်ထွက်စာ တင်ကတည်းက လုံခြုံမှုမရှိတာကြောင့် နုတ်ထွက်စာတင်တာပါ။ တကယ်လို့ ခိုင်မာတဲ့ အကြောင်းပြချက်ပေးဆိုရင် အရင်အတိုင်းပဲ ပေးရမှာပေါ့။ ခိုင်မာတဲ့ အကြောင်းပြချက် တောင်းလို့ရှိရင်လည်း အခုတိုင်းပြည်မှာ ဖြစ်နေတာက ရွာတွေမှာကိုက ကိုယ့်ဟာကိုယ် မလုံခြုံဖြစ်နေကြတယ်။ အရပ်သားတွေကိုလည်း ရန်သူတွေလို့ သဘောထားတိုက်နေတာတွေက ပိုပြီးမလုံခြုံတာပေါ့” ဟု ၎င်းက ဆိုသည်။

“MSF အဖွဲ့သည် အာဏာပိုင်တွေက ချမှတ်လိုက်တဲ့ ကန့်သတ်ချက်အသစ်တွေကြောင့် လက်ဝဲမြန်ကျေးရွာမှာ နယ်လှည့်ဆေးခန်းကို မဖွင့်နိုင်တာဟာ ၂ လရှိပြီဖြစ်ပါတယ်” ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဓိကတော့ စစ်ရှောင်ကို ကူညီနိုင်ဖို့ နိုင်ငံတကာအကူညီရအောင်ကို ဖွင့်ပေးရပါမယ်။ အစိုးရကလည်း အကူအညီ မပေးနိုင်သလို၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် စစ်ရှောင် IDP တွေကို လူကယ်ပြန်ဝန်ကြီးတို့တောင်  လာမကြည့်ဘူး။ ငွေကြေးကို လေဆိပ်မှာ၊ ခန်းမလောက်မှာ လှူခဲ့တဲ့ အခြေအနေမျိုးပဲရှိတယ်”

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကျောက်ဖြူမြို့နယ်တွင် ဂုံးအမြောက်အများသေဆုံးခြင်း နှင့် ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့သောကြောင့် သတင်းမှားကို ဖြန့်ဝေမှုဖြင့် အမ်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ စာမေးပွဲဖြေဖို့အတွက် ကလေးတွေကအစ ကျောင်းသားမိဘတွေလည်း စိုးရိမ်နေကြပါတယ်။ ကလေးတွေစာကျက်ဖို့ကလည်း အဆင်မပြေတော့ဘူး။ ပစ်ခတ်သံတွေကြားတော့ တစ်ညလုံးမအိပ်လိုက်ရဘူး။ အခု ကျောင်းသားတွေကို မကြောက်ရအောင် ပြောပြထားရတယ်။ ဒါပေမယ့် စာဖတ်ဖို့ပြောတော့ သူတို့တွေက စာမှာစိတ်မဝင်စားတော့ဘူး ”