မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားအများစုမှာ ကိုဗစ်ကာလ ကျောင်းများပိတ်ပင်ထားသည့်အတွက် အွန်လိုင်းမှတဆင့် သင်တန်းများတက်ရောက်လေ့လာ သင်ကြားနေကြသော်လည်း ရခိုင်ပြည်မြောက်ပိုင်းရှိ ကျောင်းသားများမှာ အင်တာနက်မရရှိသည့်အတွက် ပညာရေးလေ့လာမှုအပိုင်းတွင် အခွင့်အလမ်းများစွာ ဆုံးရှုံးနေကြရသည်။

COVID-19 ကာလတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီမြို့ကမ်းခြေကို ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုမရှိသည့်အတွက် အမှတ်တရပစ္စည်းရောင်းချနေသည့် ဈေးသည်များ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများ၌ နေထိုင်နေကြသည့်ကလေးသူငယ်များသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင်ပါရှိသည့် အခွင့်‌အရေးများကို ဆုံးရှုံးနေကြရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်ရေနံစိမ်းတူး‌ဖော်‌ရေးလုပ်ငန်းကို ယခင်က ရေနံတွင်းပေါင်းသောင်းချီဖြင့် လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ လုပ်ကိုင်သူ အနည်းငယ်သာရှိတော့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကာလအတွင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် ပြည်သူများအား အိုးအိမ်ပြန်လည်ထူထောင်ရေး လုပ်‌ဆောင်ပေးရန် စီစဉ်ဆောင်ရွက်‌နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။