“ကျနော်တို့နဲ့ လုံးဝပတ်သက်မှုမရှိဘူး။ အဲဒီတိုက်ပွဲမှာလည်း ပါဝင်မှုမရှိခဲ့ဘူး။ အစိုးရက ကျွန်တော်တို့ကို တစ်လျှောက်လုံး အခြေအမြစ်မရှိ စွပ်စွဲပြီး တိုက်ခိုက်လာတဲ့ စကားလုံးတွေဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့အဖွဲ့ကို ARSA နဲ့ ပေါင်းထည့်တာကိုတွေ့ရပါတယ် ” ဟု ခိုင်သုခက ပြောသည်။

“အခုက ခရိုင်တရားသူကြီး နေပြည်တော်မှာ အစည်းဝေးတက်နေတယ်။ ဆိုတော့ ရုံးချိန်နှစ်ပတ်အဖြစ် လာမယ့် မတ်လ ၁ ရက်နေ့ကိုချိန်းလိုက်တယ်။ အဲဒီနေ့မတိုင်ခင်မှာ တရားသူကြီးရောက်မယ်ဆိုတော့ မတ်လ ၁ ရက်နေ့မှာ လျှောက်လဲချက်ပေးဖြစ်ပါမယ် ”

“သူတို့က စစ်ပွဲဖြစ်တဲ့အခါ အလွန်းဝေးတဲ့နေရာတွေကို ရောက်သွားကြတယ်။ ကွမ်းတောင်၊ ကျောက်တော် တို့ကိုရောက်သွားတယ်။ ကျန်တဲ့ကျောင်းသားတွေကတော့ သုံးဘီးတွေနဲ့ လာဖြေကြတယ် ” ဟု ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်အောင်ခင်က ပြောသည်။

“ဒေါက်တာ၊ ကျွန်မတို့လူနာကို ဒီမှာခွဲစိတ်ပေးလို့မရဘူးလားမေးတော့ ဒီမှာလုပ်လို့မဖြစ်ဘူးတဲ့၊ ငါတို့လည်း တာဝန်မယူနိုင်ဘူးတဲ့ အဲဒီလိုပြောတယ်။ သူတို့တာဝန်မယူနိုင်ဘူးဆိုတော့ ကျွန်မတို့အနေနဲ့ကတော့ ဘာမှ ပြောပိုင်ခွင့်မရှိဘူး” ဟု လူနာစောင့်တစ်ဦးဖြစ်သူ ဒေါ်အေးမြစိန်က ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်မည့်ကိစ္စဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများကြရာမှ ဒုတပ်ကြပ်က သေနတ်ဖြင့် ပစ်ခတ်လိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။