“အဲဒီဟာက မဟုတ်ပါ။ အဲဒါတွေက ကျွန်တော်တို့နဲ့ လုံးဝ မပတ်သက်ပါ။ ပြည်သူလူထုကြားမှာ အထင်မြင် လွဲလာအောင် တမင်သက်သက် လုပ်ကြံမှုတွေဖြစ်တယ်။ တချို့စာတွေမှာဆိုရင် အာရ်ကန်ကိုရေးတဲ့ဟာတောင် မမှန်ဘူး။ တံဆိပ်တွေလည်း အားလုံးအတုတွေပါ ”

“မိသားစုတွေက တစုတစည်းတည်း နေရာသတ်မှတ်ပြီးတော့မှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၅ ရက်နေ့ဆိုတာ ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တဲ့နေ့ မော်ကွန်းဝင်ရဲဘော်များနေ့ဆိုပြီး သတ်မှတ်ပြီးတော့ မော်ကွန်းဝင် ရဲဘော်တွေကို တစုတစည်းတည်း ကောင်းမှုကုသိုလ် လုပ်ပေးဖို့ပါ”

ရခိုင်အမျိုးသားပါတီ(ANP)၏ ညီလာခံအား ၂၀၁၉ ခုနှစ် မေလ ပထမအပတ်တွင် ကျင်းပနိုင်ရန်အတွက် မြို့နယ်ညီလာခံများကို မတ်လတွင် အပြီးကျင်းပရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရက မောင်တောခရိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ ကျောင်းတက်ပျက်ကွက်မှုကို စိစစ်တင်ပြရန် အကြောင်းကြားမှုကြောင့် ကျောင်းတက်မှန်ကန်မှု အထောက်အထားအဖြစ် ကျောင်းဆိုင်းဘုတ်နှင့် ဝန်ထမ်းဓာတ်ပုံတွဲပို့ပေးရန် ညွှန်ကြားထားကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

သံတွဲမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသားလေးအား ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် သေဆုံးလျက်ပြန်တွေ့ခဲ့ကြောင်း ဒွါရာမြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရသည်။