ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောက်ယှက် ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့ ဘက်က စာပို့ထားခြင်းမရှိပါ။ ဒီဟာက လုပ်ကြံတာပါ ” ဟု ခိုင်သုခက ပြောသည်။

“ ရခိုင်ပြည်နယ်မှာ အမှန်တကယ်လိုအပ်တဲ့ နေရာတွေအားလုံးကို မျှမျှတတ ကူညီပံ့ပိုးပေးသွားမှာပါ။ ဘယ်အချိန်လဲဆိုတာမရှိဘူး။ အမှန်တကယ်လိုအပ်တဲ့ အချိန်တွေမှာ ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ် ’’ 

  "ပစ်ခတ်သံတွေတော့ကြားနေရပါတယ်။ ဘယ်အဖွဲ့အစည်းတွေနဲ့ ဖြစ်နေကြတာလည်း မသိပါ။ မနက် ၇ နာရီကျော်လောက်ကတည်းက ကြားနေရတာပါ။အခုတော့ မကြားရတော့ပါဘူး။ ကျေးရွာသူ/သားတွေကတော့ စိုးရိမ်နေကြပါတယ်”

ပုဏ္ဏားကျွန်းမြို့နယ် သရော်ပင်ရင်းကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ခမီတိုင်းရင်းသား ဦးလှခိုင်သည် စက်လှေဖြင့်အိမ်ပြန်လာစဉ် လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ဆိုပါက ၎င်းပျောက်ဆုံး နေသည်မှာ ၄ ရက်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။