မောင်တောမြို့နယ် ငါးခူရအလယ်ရွာ၌ ဇန်နဝါရီလ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မသမာသူ တစ်ဦးမှ မီးရှို့ခဲ့ရာမှ နေအိမ် ၂ လုံး လောင်ကျွမ်းခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

“ဘယ်ကလူတွေလဲမသိဘူး။ အကျီတွေက အကွက်အပြောက်တွေနဲ့ လူငါးယောက်လောက်က အသံတိုးတိုးနဲ့ အဘခေါ်ခိုင်းလိုက်တယ်။ (ရွာ)အပြင်မှာ အဘစောင့်နေတယ်ဆိုပြီး အဲလိုပြောပြီး သူ့ကို ခေါ်သွားတာ။ လက်နက်ကိုင်တပ်ဖွဲ့တော့ လက်နက်ကိုင်တပ်ဖွဲ့ပါပဲ။  အဲဒီနေ့ကနေ အခုထိ အိမ်ပြန်မရောက်သေးဘူး။ အခုဆိုငါးရက်ရှိပြီ”

“အိမ်ထဲမှာ ပစ်သတ်တယ်လို့တော့ ဒေါ်သောင်းနွှဲ့ရီကပြောတာပဲ။ သူလည်း အပေါ်မှာဆိုတော့ သေချာ မမြင်လိုက်ဘူး။ ပြီးတော့ ကြောက်ပြီးတော့ အိမ်ထဲဝင်သွားတယ်လို့ပြောတယ် ”ဟု ပန်းမြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်ကပြောသည်။

မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝ နတ်မြစ်အတွင်း WY ဆေးပြား ၂၉၂၅၀ ပြားအား ဇန်နဝါရီလ ၂၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 “ စစ်ဘေးရှောင်တွေအတွက် လက်ရှိမှာ အလွန်တရာစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ စားနပ်ရိက္ခာ လုံလောက်မှုမရှိ၊ နေထိုင်စရာ အခက်ခဲတွေ အဲဒီကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဝိုင်းဝန်းပြီး အကူညီပေးသွားဖို့ ကျွန်တော်တို့ တောင်းဆိုဆွေးနွေးခဲ့ပါတယ် ”