“မီးလောင်တဲ့ဟာက ဒီနေ့ ည ၁ နာရီက လောင်တာပါ။ လောင်တာက ထမင်းချက်လို့ကျန်ခဲ့တဲ့ မီးစမီးကြွင်း ကနေ စပြီးလောင်သွားတာပါ။ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာ နေအိမ်လေးလုံးပါသွားတယ်။   လူအသေ အပျောက်တော့ မရှိဘူး ”

တောင်ကုတ်မြို့တွင် ALD ပါတီ ဗဟိုရုံးခွဲတွင်ပြုလုပ်ခဲ့သည့် လက်ရှိရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်သည့်ဆွေးနွေးပွဲမှ ယခုသဘောထားကြေငြာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အနှံ့မှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၄၀၀) ကျော် တက်ရောက်နေခြင်းဖြစ်ကာ  အလယ်တန်း၊ အထက်တန်းပညာများကို သင်ယူလျက်ရှိကြသည်။

ရက္ခိုင့်တပ်မတော်(AA)ကို ထိထိရောက်ရောက် လျင်လျင်မြန်မြန် ပြတ်ပြတ်သားသားချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ယနေ့(ဇန်နဝါရီလ ၁၈ ရက်)ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအကြောင်းအရာ အပါအဝင် ရခိုင်ကိစ္စရပ်များကို ပြည်သူ့ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ရုံးတွင် ဆွေးနွေးခဲ့ကြသည်။