ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းတစ်လျှောက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဒေသခံများ ကြောက်လန့် ထွက်ပြေးနေရသည်။

နေအိမ်များတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုဓာတ်ပုံများ ကပ်ထားရမည့် ညွှန်ကြားချက်ကို ဝန်ကြီးချုပ် မသိလိုက်ရပေ။

“ပေါက်ကွဲစေတတ်သော အမှုလို့ပြောတယ်။ သူ့ဆီက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဘာတွေရရှိထားသလဲ စစ်ဆေးရမယ်။ အခုတော သူကိုနခခ(၃)မှာ ထိန်းသိန်းထားဆဲပါ။ မိသားစုနဲ့လဲ တွေ့ခွင့်မရသေးပါ ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးကြောင့် ဒုက္ခရောက်နေကြရသည့် ခမီတိုင်းရင်းသားများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ခမီတိုင်းရင်းသားများ၏ တောင်ယာခုတ်သရုပ်ပြပွဲကို ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်။ 

ရသေ့တောင်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် လက်နက်ကြီးကျည်များ စစ်ဘေးရှောင်များ နေထိုင်သည့် တဲအနီး ကျရောက်ပေါက်ကွဲရာမှ ကျည်စများ ထိမှန်ပြီး လူငယ်(၄) ဦး ဒဏ်ရာရရှိသွားကာ အမျိုးသမီးတစ်ဦးမှာ အနည်းငယ်ဒဏ်ရာ ပြင်းထန်၍ ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။