ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်သား အယောက် ၁၀၀ အတွက် အနွေးထည်အင်္ကျီ များကို ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် မေယုဒေသပရဟိအဖွဲ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ပစ်ခတ်သံများ တစ်လနီးပါးခန့်ရပ်တန့်နေခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို တစ်ကျော့ပြန်ကြားလာရ၍ တိုက်ပွဲများထပ်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလတွင် ရန်ကုန်မြို့၌ ပိတ်မိနေသူ ၈၆၀ ကျော်ကို ရခိုင်ပြည်နယ်သို့ ပို့ဆာင် ထားပြီဖြစ်ကာ လူဦးရေ ၂၅၀၀ ကျော်ကို ပို့ဆောင်ရန်ကျန်နေသေးကြောင်း လိုက်ပါကူညီပေးသည့် အဖွဲ့များထံမှသိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တပ်မတော်စစ်ခုံရုံးက အပြီးသတ်စီရင်ချက် ချသွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် စပါးသီးနှံများပျက်စီးကာ မရိတ်သိမ်းရဘဲ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။