အိမ်တိုင်ရာရောက်လာပို့သည့် လက်ဆောင်ပစ္စည်းထဲတွင် မူးယစ်ဆေးဝါးများ ပါဝင်သောကြောင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ကျေးရွာမှ အမျိုးသမီးမှာ ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ယနေ့ (ဇန်နဝါရီလ ၄ ရက်)၊ နံနက် ၆ နာရီကျော်ခန့်တွင် ရက္ခိုင့်တပ်မတော်(AA)က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည်ဟု အစိုးရက ထုတ်ပြန်လိုက်သည်။

“အဲဒီစခန်းတွေဟာ နယ်ခြားစောင့်ရဲစခန်းတွေဆိုပေမယ့် အဲဒီစခန်းတွေမှာ ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်) က ဝင်ပြီးတော့ နေရာယူထားတယ်။နယ်ခြားစောင့်နဲ့ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်)က ရောပြီး စခန်းချ ထားတဲ့နေရာတွေဖြစ်တယ်။ပြီးတော့ နယ်ခြားစောင့်ရဲတွေဟာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင် မြို့နယ် တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွာသားတွေကို ညှင်းပန်းနှိပ်စက်တာတွေရှိတယ်။

“ကားလမ်းဘေးက စစ်ဘေးရှောင်တွေကလွဲရင် သလူချောင်းဖက်မှာ အမှန်တကယ်အခက်အခဲရှိတယ်။ ခက်ခက် ခဲခဲကိုသွားရတယ်။ အာဏာပိုင်တွေနဲ့တော့ ရင်ဆိုင်ရတာပေါ့။ အာဏာပိုင်တွေက တောင်မင်းကုလားရွာဖက်က တပ်စွဲထားတယ်။ ဆန်ဆိုရင်သယ်ယူခွင့်မပြုဘူး။ ကျန်တာတွေနဲ့ဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်။ ဆန်က အမှန်တကယ်လိုအပ်နေတာ” ဟု ၎င်းကပြောသည်။

“ကျနော်တို့ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းခွင့်တင်ပြီးတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နဲ့ ပူပေါင်းသွားမယ့်။ ရခိုင်ဒီမိုကရေးစီ အဖွဲ့ချုပ်နဲ့ ကျနော်တို့ရခိုင်မျိုးချစ်ပါတီက  ရည်ရွယ်ချက် တစ်ခုတူညီတယ်။ အဲဒါကြောင့်ပူးပေါင်းသွားပါမယ်” ဟု ဦးဇော်ဝင်းထွန်းက ပြောသည်။