- Details
- ခိုင်ရိုးလ
- Hits: 731
- စစ်တွေ
တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို လေးလကျော်ကြာ ရပ်ဆိုင်းမည်ဟု ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့်နေ့မှ စတင်၍ ယမန်နေ့ကအထိ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
- Details
- ခိုင်ရိုးလ
- Hits: 370
- စစ်တွေ
ကျောက်တော်မြို့နယ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်ပြီး အိမ်ထောင်စု ၃၁၂ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးသောင်းစီ ပထမဆုံးအကြိမ် သွားရောက်ကူညီ ထောက်ပံ့ခဲ့ကြသည်။
- Details
- ခိုင်ရိုးလ
- Hits: 53
- ကျောက်တော်မြို့နယ်
“သူတို့က ရွာကို ပြန်ဖို့လွှတ်တယ်။သူ(တပ်မတော်)တို့ ပို့ပေးမယ်လို့ပြောတယ်။ကျနော်တို့ကတော့ ရွာကို ပြန်ဖို့ အစီအစဉ်မရှိဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကြောက်တယ်ဗျာ။သူတို့ တကယ်တမ်း အာမခံတယ်ဆိုပေမယ့် ကျနော်တို့ မပြန်ရဲဘူး။ပြီးတော့ လမ်းကြောင်းလည်း မပွင့်သေးဘူး။ လမ်းကြောင်းက ဒီနားမှာ သိပ်စစ်ဆေးတာ များတယ်။ကျနော်တို့ အဲဒီကို တက်ရင် ရိက္ခာလည်း မတင်ရရင် စားရေးသောက်ရေးလည်း အခက်အခဲရှိသွားလိမ့်မယ်လေ ”ဟု ၎င်းက ဆိုသည်။
- Details
- ခင်သရဖီဦး
- Hits: 648
- စစ်တွေမြို့နယ်
“ ကျနော်တို့က ပြည်ထောင်စုကို ညီညွတ်အောင်ဘာလို့ မလုပ်နိုင်တာလဲ။ဒီစစ်ကြောင့်လူတွေရဲ့အသက် သေကြတယ်။ ရပ်ဖို့လိုပြီး အဲတော့ နပခ နယ်မြေ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ)မှာ အပစ်ရပ်ပေးဖို့ တောင်းဆိုပါတယ်။ ရခိုင်လူထုတောင်း မှတ်ပေးပါ။အဲဒီတော့ ကျွန်တော်တို့ ပြည်ထောင်စုကို ငြိမ်းငြိမ်းချမ်းချမ်း လေးနဲ့ ညီအကိုတွေလို ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင် ကျန်တာ အကုန်လုံးကို ရပ်ခြင်းအားဖြင့် ပြည်ထောင်စုကို ပေးဆပ်တာဆိုတာကို နားလည်ပေးပါ။အဲ့တာကို သမ္မတကြီးရော၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော မေတ္တာရပ်ခံပါတယ်”ဟု ၎င်းက ပြောသည်။
- Details
- ခိုင်ရိုးလ
- Hits: 850
- မြေပုံမြို့နယ်
“ သူက အိမ်မှာတစ်ယောက်တည်း တီဗွီကြည့်နေတဲ့အချိန်သေနတ်ပစ်ခံရပြီးတော့ သေဆုံးနေတာကို တွေ့တာပေါ့။ သူ့ရဲ့ သမီးနဲ့ သမက်က မင်းပြားမြို့နယ် သာယာကုန်းရွာ ဘိုးဘွားရိပ်သာဖွင့်ပွဲ ဇာတ်ပွဲသွားကြည့်နေတယ်။ ပြန်လာတဲ့အခါ နေအိမ်ခုံပေါ်မှာ ဦးခေါင်းယာဘက် နားထင်ကို သေနတ်ပစ်ခံရပြီးတော့ သေဆုံးတာနေတာကိုတွေ့တာပါ။ အဲဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ဆီကို ဖုန်းဆက်သတင်းပို့လာပါတယ် ” ဟုပြောသည်။
Page 483 of 615








