စစ်တွေတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲကျော်(ခ) ကိုနီအောင်ကျော်မှာ ကျန်းမာရေးအခြေအနေကြောင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကလေးမွေးဖွားရန်လာရောက်ရာ၌ ငွေကျပ် ငါးသောင်းမှ ရှစ်သောင်းအထိပေးနေရ၍ မရှိဆင်းရဲသားများအနေဖြင့် အခက်အခဲဖြစ်ရကြောင်း မွေးလူနာရှင်များထံမှ သိရသည်။

“စစ်ပွဲက ရေရှည်မလား ၊ ရပ်တန့်သွားမလားဆိုတာကိုတော့ မသိဘူး။ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေတဲ့နေရာများဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများဖြစ်တယ်။ ပညာရေးနှင့် ကျန်းမာရေး ဆိုတာ ကလည်း အစကတည်းက ချွတ်ယွင်းနေပြီသားဖြစ်တယ်။ ရေရှည်မှာ ကျန်းမာရေး၊ ပညာရေးတွေအတွက်ဆိုရင် အရင်ဆုံး စစ်ပွဲတွေရပ်တန့်သွားမှ အဆင်ပြေမယ် “ ဟု ၎င်းကပြောသည်။

ခမီလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က “လတိုင်နဲ့ နေတိုင်ကို စိုက်ထူ ရာမှာ ဝါးလုံး ၇၅ လုံးနဲ့ပြုလုပ်ရတယ်။ လတိုင်နဲ့ နေတိုင်မှာ ကျွဲ၊ နွားတစ်ကောင်စီချည်နှောင်ပြီး သတ်ဖြတ် ပူဇော်ကြရတယ်။ နောက်ရက်တွေမှာ ကပွဲ ဆက်ကျင်းပချင်တယ်ဆိုရင် ငွေကြေးတတ်နိုင်သူတွေက ဝက်ကို ချည်နှောင်ပြီး သတ်ဖြတ်ပူဇော် ကပြကြရပါတယ်။ ပွဲရက်တိုးချဲ့ကပြမယ်ဆိုယင် နောက်ထပ် သားကောင် တွေကို ချည်နှောင်သတ်ဖြတ်ပြီး ကပြရပါတယ်” ဟု ပြောသည်။

“ ဟုတ်ရင်းနဲ့ အခုလိုကွဲလွဲမှုဟာ (အစိုးရဘက်မှ) တာဝန်ယူမှုတာဝန်ခံမှု အလွန်မဲ့လွန်းတယ်ထင်ပါတယ်။ တာဝန်မဲ့လုပ်ငန်းကတော့ မလုပ်သင့်ပါဘူး။ တိုက်ပွဲဖြစ်တဲ့နေရာလည်း တော်တော်အလှမ်းဝေးတယ်လို့ဆိုပါတယ်။ ဒီလိုဝေးတဲ့နေရာက စက်သေနတ်တွေ၊ အမြောက်ချိန်းတယ်။ လေယာဉ်တွေနန့် စက်သေနတ်တွေနဲ့ ပစ်တယ်ဆိုတော့ ပြည်သူတို့ကို ခြောက်လှန့်ဖိုနည်းတစ်တစ်ခုလုပ်တယ်လို့ မြင်ကြောင့်သုံးသတ်ပါတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။