အထက်ပြူးမကျေးရွာသားနှစ်ဦး တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားပြီးနောက် ဒေသခံများမှာ စိုးရိမ်ထိလန့်မှုများနှင့် ရင်ဆိုင်နေကြရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆောင်ရွက်နေသော်လည်း နယ်မြေကျယ်ပြန့်၍ လုံခြုံရေးအင်အား မလုံလောက်သောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းသည်။

မောင်တောမြို့နယ်၊ ပြူးမချောင်းအတွင်း တိုက်ခိုက်ခံရမှုများကြောင့် မရမာကြီးလူမျိုး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး  ရခိုင်လူမျိုး ၂ ဦး သေဆုံးသွားပြီးနောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

မောင်တောမြို့နယ်၊ သစ်တောကျေးရွာမှ အသက် (၁၃) နှစ်အရွယ် ငါးတန်းကျောင်းသူကို  နွားလွတ်ရန်သွားစဉ် သတ်ဖြတ်ခဲ့သူအား ဒီဇင်ဘာလ (၁၈) ရက်နေ့က ဖမ်းဆီးရမိသည်ဟု ပြင်ဖြူနယ်မြေရဲစခန်းက စခန်းမှူး ဒုရဲမှူး ကျော်မြဝင်းက ပြောသည်။

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်းအတွက် မဲဆွယ်ပေးသည်ဟုဆိုကာ ရခိုင်အမျိုးသားပါတီအမတ် ဦးအောင်သောင်းရွှေကို အရေးယူမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဖေသန်း၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပါတီတွင်း တစ်စုံတစ်ရာ အရေးယူရန် ဆုံးဖြတ်ထားခြင်း မရှိသေးဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က DMG ကို ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်ဒုက္ခသည် ၈၀ ကျော်ရောက်ရှိနေပါတယ်။ သူတို့က တိုက်ပွဲ ဖြစ်လို့ထွက်ပြေးလာကြတာပါ။ ဘုန်းတော်ကြီးကျောင်းဓမ္မရုံမှာ ထားပါတယ်။ သူတို့တွေကို ကျွန်တော်တို့ရွာက ဆန်တွေကောက်ပြီးတော့ စားဖို့ပေးထားပါတယ် ” ၎င်းကပြောသည်။