ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာ အ.ထ.က(ခွဲ)ရှိ  ကျောင်းသား၊ ကျောင်းသူများ သောကြာနေ့တိုင်း ရခိုင်ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ကျောင်းတက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့က စီစဉ်ထားသော်လည်း ယခု ယင်းအစီအစဉ်ပျက်သွားပြီဟု မြို့နယ်ပညာရေးမှူး ဦးစောဝင်းက DMG ကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဌာနေခမီတိုင်းရင်းသားတို့၏ တတိယအကြိမ်မြောက် နှစ်သစ်ကူးနေ့ပွဲတော်ကို ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးခမီကြိမ်ချောင်းကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

“ ကျနော့်အနေနဲ့ လွတ်မြောက်လာတယ်ဆိုတဲ့စကားသည် မပြည့်စုံပါ။ လွတ်မြောက်လာတယ်လိုတော့ ကျနော့်အနေနဲ့ မခံယူပါ။ မတရားစွပ်စွဲ ဖမ်းဆီးတရားစွဲ ချုပ်နှောင်အပြစ်ပေးခံရခြင်းမှ အကျဉ်းသား အဖြစ်ကနေပြီးတော့ ဖိနှိပ်ခံပြည်သူဘ၀ကို ပြန်လည်ရောက်ရှိလာတယ်လို့ပဲ ကျနော်မှတ်ယူပါတယ် ”

ဘူးသီးတောင်မြို့နယ်၊ဖုံညိုလိပ်ကျေးရွာနှင့် ထိပ်ထူးပေါက်ကျေးရွာကြား တောင်တက်လမ်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၊ည ၉ နာရီကျော်ကျော်ခန့်က  မိုင်းပေါက်ကွဲ ၍ လူနှစ်ဦးသေဆုံးသွားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည် ၂နာရီအချိန်တွင် ၎င်းမောင်းနှင်လာသော HONDA CLICK အနီ/အနက် ဆိုင်ကယ်နှင့် ကျောက်ဖြူမြို့ထဲဘက်မှ ခမရ(၅၄၃) တပ်ဘက်သို့ ဂုံးချိန်ကျေးရွာမှ ကိုမောင်ချေနှင့် ကိုကျော်စိုးဦးတို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းတိုက်မိခဲ့ခြင်းဖြစ်သည်။