အရပ်သားပြည်သူများအား လူ့အခွင့်ရေးချိုးဖောက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုနှင့် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာအပြစ်ပေးအရေးယူပေးရန် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း(၅)ဖွဲ့က တောင်းဆို လိုက်သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ပြိုင်းတောင်မွတ်ဆလင်ကျေးရွာ၌ ဇွန်လ (၂၅)ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၁၁ လအရွယ်ကလေးတစ်ဦး သေဆုံး သွားခဲ့ရပြီး ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပျက်သွား မည်ကို ညီနောင်တိုင်းရင်းသားပါတီများက စိုးရိမ်မှုရှိကြောင်းသိရသည်။

အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်အတွက် တရားမျှတမှုရရှိစေရေး နိုင်ငံတော်အစိုးရအနေဖြင့် စီစစ်ဆောင်ရွက်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ ဇွန်လ ၂၅ ရက်နေ့က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မူလတန်းပြကျောင်းဆရာမတစ်ဦးအား အဓမ္မပြုကျင့်ကာ ပစ္စည်းများလုယက်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံရွှေထူး(ခ)အေးချမ်းကို ဇွန် ၂၅ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။