ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်း ပြုလုပ်ရာတွင် ဒေသခံရခိုင်လူမျိုးများ၏ အကျိုးစီးပွား တိုးတက်မှုမရှိပါက ကန့်ကွက်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းစက်လှေများ မောင်တောခရိုင်အနီး မြန်မာ့ရေပိုင်နက်အတွင်း ခိုးဝင် ငါးဖမ်းဆီးမှုများရှိနေကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

“ ကျွန်တော်ကျောင်းအရမ်းတက်ချင်တယ်။ အခုအဖေရဲ့အလုပ်ကလည်း အဆင်မပြေဘူး တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ အဆင်မပြေဘူး။  ကလေးထိန်းတာကတော့ ကျွန်တော်ရဲ့နေ့စဉ် အလုပ်တစ်ခုပါ”ဟု မောင်ရန်နိုင်က ဆိုသည်။

"အခုပြည်နယ်ကို ကျွန်တော်တို့ သင့်တော်မယ့်နေရာတစ်ခုကို မြေပုံတွေပါ ပြည့်စုံစွာရေးဆွဲပြီး တရားဝင်တင်ပြထားပါတယ်။ ပြည်နယ်အစိုးရက လက်မှတ်ထိုးပေးလိုက်တာနဲ့ အတည်ပြုပြီး နေရာချပေးသွားမှာဖြစ်တယ်" ဟု မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

“ ဂွမြို့နယ် ဘဝင်အုပ်စုထဲက ကတက်ချောင်း၊ တောင်ဟိန်းတို့ စတဲ့နေရာတွေက လယ်ယာမြေတွေမှာ ဆင်ရိုင်းတွေဖျက်ဆီးနေတာပါ။ ခန့်မှန်းခြေ လယ်မြေဧက ၂၀ ခန့်ပျက်စီးသွားပါပြီ။ ဒီတောဆင်ရိုင်းတွေဟာ ရခိုင်ရိုးမကနေ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဆင်တွေဝင်ရောက်ဖျက်ဆီးနေတာ တစ်လလောက်ရှိပါပြီ ”