“ ကျမအနေနဲ့  ရိုင်းစိုင်းစွာ ပြုမှုပြောဆိုတာတွေကို ခံရဖူးတယ်။ အဲဒါကို ရဲစခန်းကိုသွားရောက် တိုင်ကြားတယ် ။အဲဒီအချိန်မှာ အမှုစစ်ချက်ယူတဲ့ ရဲဝန်ထမ်းကိုယ်တိုင်က အမျိုးသားဖြစ်နေတယ်။ ကျမတို့ အမျိုးသမီးတွေအနေနဲ့ တစ်ခုခုကိုထိပါးလာပြီ။ လုံခြုံမှုကိုထိပါးလာတယ်ဆိုရင် အကြမ်းဖက်မှု သဏ္ဍာန် ခံစားလာပြီးဆိုလိုရှိရင် တရားဥပဒေအရ ဖြေရှင်းမှုလုပ်ခဲ့ပေမယ့် တရား ဥပဒေဘက်မှာ အားနည်းချက်တွေအများကြီးရှိနေပါတယ်”

“ကျနော်တို့အနေနဲ့ကတော့ ပါတီတွေ့ဆုံတဲ့အခါမှာ ညီညွတ်ရေးတည်ဆောက်မယ်ဆိုရင်တော့ သူနဲ့ကိုယ်နဲ့ စကားပြောမယ်။ သဘောထားတိုက်ဆိုင်တယ် အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ပူးပေါင်းသွားမယ့် အနေအထားတွေရှိပါတယ်”

 “နောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တရားခံတွေ ဟိုဖက်နိုင်ငံ၊ ဒီဖက်နိုင်ငံ တိမ်းရှောင်နေမှုတွေကို ပူးပေါင်း ဖမ်းဆီးနိုင်ဖို့ပါ။ လူကုန်ကူမှုတွေ တားဆီးကာကွယ်နိုင်ဖို့ စတဲ့ကိစ္စရပ်တွေကို နှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက် သွားနိုင်ဖို့ ဖွင့်လှစ်တာဖြစ်တယ်”

အိန္ဒိယ-မြန်မာနယ်စပ်အနီး မြိတ်ဝကျေးရွာအနီးတွင် အောက်တိုဘာလ (၁၇) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ခမရ(၅၄၁)တပ်ရင်းမှ အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း (၃) ဦးကျဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။  

“လေးမျက်နှာထဲမှာရှိတဲ့ အရံဘုရားတွေ အဖျက်ခံလိုက်တာပါ။ မနေ့က ညနေကတော့ အဲဒီနားမှာ ဆူညံသံတွေ ကြားရတယ်လို့ပြောတယ်။ ဆိုးဆိုးရွားရွားကတော့ သုံးဆူအဖျက်ခံရတယ်။ နည်းနည်းပါးပါးကတော့ ရှစ်ဆူ နီးပါးရှိတယ်”