“ အပြစ်မရှိတဲ့ လူတစ်ယောက်ကို ရဲတပ်ဖွဲ့အနေနဲ့ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတာကို လက်ခံတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီပေါ့။ လူတစ်ယောက်ကို စစ်ဆေးလို့သက်သေခံမခိုင်လုံရင်တော့ အတိုင်းတာတစ်ခုအတွင်းမှာ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တာပေါ့။ ဒီလူငယ်တွေဟာ  အပြစ်လုံးဝမရှိတဲ့လူငယ်တွေ ဖြစ်နေတဲ့အတွက် ဥပဒေအရ သက်သာခွင့်တွေ အပြည့်ဝရစေချင်တယ်။ ကျွန်တော်တို့ပါတီကလည်း ဥပဒေကြောင်းရာအရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမှာပါ ”

“ ကျွန်တော်တို့ တာဝန်ယူနေစဉ်ကာလမှာ မမျှော်လင့်ဘဲ မောင်တောဒေသရဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဟာ သတ်သတ်ဖြစ်လာတဲ့အတွက် ကျွန်တော်တို့မှာ တော်တော်လေးကို ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရတာရှိပါတယ်။ ဒီအပေါ်မှာ  နိုင်ငံတော်တိုင်ပင်ခံကိုယ်တိုင် ဦးဆောင် ဆောင်ရွက်နိုင်ခဲ့လို့ အမြန်ဆုံး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။  အထူးသဖြင့် လုံခြုံရေးကဏ္ဍကို  အမြဲတမ်းဂရုတစိုက် ဦးစားပေး ဆောင်ရွက်ပါတယ် ”

’’ လောလောဆယ်တော့ ကိုမျိုးလွင်ကိုင်တဲ့ ဖုန်း ၊ဆင်းကဒ်တို့ကို ထိန်းသိမ်းထားပြီးံ ငွေ (၁၀ ) သိန်းကျော်နဲ့  အာမခံပြီး လွှတ်ပေးထားပါတယ်။ တရားရုံးတွင် ရင်ဆိုင်ရမည့် နေ့ကိုတော့မသတ်မှတ်ရသေးပါဘူး ’’ ဟု အမ်းမြို့မရဲစခန်းက ပြောသည်။

“ကျွန်တော်တို့ စစ်မှုထမ်းဟောင်းနှစ်ပတ်လည်အစည်းအဝေးနဲ့အတူ စစ်မှုထမ်းဟောင်းတွေရဲ့ အခက်အခဲ ကိုတင်ပြတယ်။ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေရဲ့ ကျောင်းသူ၊ကျောင်းသားတွေ အကူညီထောက်ပံ့ဖို့နဲ့ တပ်မတော်ထောက်ခံပွဲကိုပါ တစ်ခါတည်းပြုလုပ်တာပါ”

“ ကျနော်တို့အနေနဲ့ကတော့ ပါတီတစ်ခု နှစ်၃၀ဆိုတာကတော့ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် နှစ်၃၀ ဒီနေ့ပြည့်တာကြောင့်  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရခိုင်ပြည်မှာ နှစ်၃၀ပြည့်တဲ့ပါတီကလည်း အင်မတန် ရှားပါတယ်။ နောက်တစ်ခုက ရသေ့တောင်မြို့နယ်မှာ ကြားဖြတ်ရွှေးကောက်ပွဲအတွက်ရော နှစ်ခုပေါင်းပြီး ကျင်းပတာပါ”