စစ်ဘက်ရေးရာ လုံခြုံရေးတပ်(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခေါ်)ဖိုးလုံး သေနတ်နှင့်ပစ်ခတ် သေဆုံးမှုကိစ္စဖြင့် ဘူးသီးတောင်မြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ချေ(ခ) ကိုအောင်ဇော်လင်းကို စစ်တွေမြို့မရဲစခန်းက အောက်တိုဘာလ ၉ ရက်နေ့ ၊နေ့လည်ပိုင်းတွင် ဖမ်းဆီးလိုက်သည်။

မြောက်ဦးဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုခံထားရသူ လူငယ် ၈ ဦးသည် အာမခံဖြင့် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံးမှ လွတ်မြောက်လာကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ မြန်မာအစိုးရကို လွှဲပြောင်းပေးလိုက်သည့် ဘင်္ဂါလီ ၇ ဦး ကျောက်တော် မြို့နယ်သို့ အောက်တို ဘာလ ၈ ရက်နေ့က ရောက်ရှိလာသည်ဟု မြို့နယ် လဝက ဦးစီးအရာရှိ ဦးခင်မောင်အေးက  DMG ကို  ပြောသည်။

အမ်းမြို့နယ် တောင်စောက်ကျေးရွာအနီး အမ်း-မင်းဘူး ကားလမ်း မိုင်တိုင်အမှတ် (၈၂/၁) ဖါလုံတွင် ကုန်တင်ယာဉ်တစ်စီးသည် အောက်တိုဘာလ(၇)ရက် နေ့လည် ၁ နာရီ အချိန်တွင် ပေ(၂၀၀)ခန့်အနက်ရှိ ချောက်ထဲထိုးကျမှုကြောင့် ယာဉ်မောင်းမှာ သေဆုံးခဲ့ကြောင်း အမ်းမြို့နယ်ယာဉ်ထိန်းရုံးက သိရသည်။

“ကျနော်တို့ကိုပြောတာနဲ့   အခုစာထဲမှာ မှတ်တမ်းတင် ရေးထားတာ ဘာမှမဆိုင်ဘူး။  အဲဒီနေ့က လွှတ်တော် ကိုယ်စားလှယ်နဲ့  မြို့နယ်အုပ်ချုပ်ရေးမှူးတို့ နှစ်ဦးပဲ ပြောတယ်။  အခုမပြောဘဲ ထိုင်နား ထောင်တဲ့ သူတွေကိုပါ မှတ်တမ်းမှာ ပြောပါတယ်ဆိုပြီး ရေးထားတယ်။ ပြီးတော့ အဲဒီနေ့က ပြောတာက မဖယ်ပေးရင် တရားစွဲမယ်ဆိုတာကိုပဲ ပြောတယ်။ အခု ရေးထားတာထဲမှာ သူတို့ အကောင်းလုပ်သလိုပဲ ရေးထားတယ်”