- Details
- DMG
- Hits: 241
- စစ်တွေ
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် ရခိုင်က မြို့နယ်(၉)ခုတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟေးဆာဆာကာဝါက ပြောသည်။
- Details
- မင်းထွန်း
- Hits: 498
- စစ်တွေ
အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အလွန်တွင် ပြည်တွင်း ငြိမ်းချမ်းရေးကိုရည်ရွယ်ပြီး စစ်မှန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့မည်ဆိုလျှင် ဒေါက်တာအေးမောင်ကို လွှတ်ပေးသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ တာဝန်ရှိသူများက ပြောသည်။
- Details
- Admin
- Hits: 432
- စစ်တွေ
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော အရပ်သားများ ပြန်လည် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများတွင် မိသားစုဝင်များက တိုက်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
- Details
- နှင်းနွယ်
- Hits: 353
- ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းရွာနှင့် တောင်ပေါက်ရွာ မီးလောင်မှုကိစ္စနှင့်ပတ်သက်၍ အစိုးရသတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် မြေပြင်အခြေအနေနှင့် ကွဲလွဲစွာ ရေးသားဖော်ပြခဲ့သည်ဟုဆိုကာ အမှားပြင်ဆင်ချက်ထည့်သွင်းပေးရန် သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လိုလားနေကြသည်။
- Details
- အောင်ထိန်
- Hits: 544
- နေပြည်တော်
တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ တိုက်ရိုက်ညှိနှိုင်းမှုများ မရှိသော်လည်း ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
Page 52 of 615









