"တကယ်စိတ်မကောင်းဘူး။ သူကမာန်အောင်မြို့အပေါ်မှာ အရမ်းကောင်းတယ်။ သူကွယ်လွန်တယ်ဆိုတဲ့ သတင်းတွေ ပြောနေကြလို့သာ ကြားနေရတာ။ လုံးဝကို မယုံဘူး ။ တကယ်ကို စိတ်မကောင်းဘူး။ မာန်အောင်အတွက် အကောင်းဆုံးလူတစ်ဦး ဆုံးရှုံး ရပြန်ပြီ ”

"အောက်တိုဘာလမှာဘူးသီးတောင်မြို့နယ်ရှိ(၁၀)မိုင်ပတ်လည်အတွင်းကကျေးရွာပေါင်း(၁၁)ရွာကိုလျှပ်စစ်ဓါတ်အားဖြန့်ပေးသွားမှာပါ။ ဘူသီးတောင်မှ တစ်ဆင့် မောင်တောမြို့ကို ထပ်ဆင့် သွယ်တန်းမူက ၆၀% ပြီးစီးနေပြီ”ဟု ၎င်းက ပြောသည်။

“ဝန်ကြီးဦးကျော်လွင်က လွှတ်တော်မှာမဟုတ်ဘဲ ကျနော့်ကို အကြောင်းပါတယ်။  အခုလ၁၁ရက်နေ့မှာ ဒုသမ္မတ ကိုယ်တိုင် လယ်သမားများလက်ထဲကို လာရောက် ပေးမယ်ပြောပါတယ်။ လယ်သမားတွေကလည်း အခုဝမ်းသာနေကြပါတယ်”

“ ဒီစက်တွေဟာ တောင်သူတွေအတွက် အများကြီးအထောက်ကူဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ လုပ်သားအင်အားရှားပါးတဲ့အတွက် စပါးရိတ်ဖို့အတွက် လူတစ်ယောက်ကို ကျပ် တစ်သောင်းပေးပြီးငှားမရပါဘူး။ ဒီစက်တွေက ဧကအလိုက်မှ ၄ သောင်း ၅ သောင်းခန့်ပိုလို့ ဈေးမပေးရပါဘူး။ တစ်ဘက်ကလည်း ရိတ်သိမ်းခြွေလှေ့စက်နဲ့ လျှင်မြန်မြန် တွင်ကျယ်စွာ လုပ်နိုင်သလို အခြားသီးနှံတွေကိုလည်း ရာသီမီ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ် ”

မောင်တောခရိုင်အတွင်းရှိ ကျေးရွာများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသောအချက်အလက်များ ကို UNHCR နှင့် UNDP တို့မှကွင်းဆင်းစစ်တမ်းကောက်ယူနေပြီး ကျေးရွာပေါင်း ၂၇ ရွာကို စာရင်းကောက်ယူပြီး ဖြစ်ကြောင်းသိရသည်။