ရခိုင်က ကျွဲ၊နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန်လတွင် အကောင် ၁၀၀၊ သြဂုတ်လမှာ အကောင် ၁၀၀နှင့် စက်တင်ဘာလမှာ ၅၅ ကောင် တရားဝင်တင်ပို့နိုင်ခဲ့သည်။ (ဓာတ်ပုံ-ရခိုင် ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာန)

ခိုင်ရိုးလ၊DMG

အောက်တိုဘာ ၁၊ စစ်တွေ

 

ရခိုင်ပြည်နယ်မှ ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဇွန်လမှစတင် တင်ပို့နေခြင်းဖြစ်ပြီး စက်တင် ဘာလအထိ  ကျွဲနွား ၂၅၅ ကောင်အထိ တရားဝင် တင်ပို့ခဲ့သည်ဟု ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဋ္ဌာနမှ ဒေါက်တာသန်းနိုင်က ပြောသည်။

လွန်ခဲ့သောနှစ်အတွင်းက နိုင်ငံခြားသို့ ကျွဲ၊ နွား တင်ပို့ခြင်းမရှိသော်လည်း ယခုနှစ် ဇွန်လမှစပြီး မာန်အောင်မြို့မှ ကုမ္ပဏီနှစ်ခုက ကျွဲ၊နွား တစ်ကောင်လျှင် ဒေါ်လာ ၁၂၀၀ နှုန်းဖြင့် တင်ပို့နေခြင်းဟု ဆိုသည်။

 “ ကျွဲ ၊နွားတင်ပို့တဲ့အခါ ကုန်သွယ်အခွန်ခအနေနဲ့ နှစ်ရာခိုင်နှုန်းသတ်မှတ်ပြီးတော့ တစ်ကောင်ကို နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားပါတယ်” ဟု ဒေါက်တာ သန်းနိုင်က ဆိုသည်။

ယင်းသို့ ကျွဲ၊နွားများ တင်ပို့ရာတွင် အသက်ရွယ်လိုက်ကန့်သတ်ထားပြီး အမများကို တင်ပို့ခြင်းမရှိဟု ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

“ကျွဲနွားတွေရဲ့ အသက်အရွယ်ကိုကျတော့ အထီးဆိုရင်  ၅ နှစ်နှင့် အထက်ပေါ့။ ဒါပေမယ့် သင်းကွပ်ပြီးသားဖြစ်ရမယ်။ အမကိုတော့ လုံးဝပေးမပို့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (နိုင်ငံခြား)ဆီကို မျိုးမပွားရအောင်လို့ဖြစ်တယ် ” ဟုဒေါက်တာ သန်းနိုင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသို့ ကျွဲနွား တိရိစ္ဆာန်များ တရားဝင်တင်ပို့ခြင်းကို ၂၀၁၇ ခု၊ အောက်တိုဘာလတွင် တစ်နှစ်စမ်းသပ်ကာလအဖြစ် စတင်ခွင့်ပြုခဲ့သည်။

 

" အဲဒီနေ့က သူတို့ အရင်တုန်းက ပေးတဲ့လျှော်ကြေးငွေကို ယူရင်ယူ၊ မယူလို့ရှိရင် လယ်ယာမြေ  ဥပဒေနဲ့ တရားစွဲဆိုသွားမယ်။ ပြီးရင် ကျနော်တို့ကို ထောင်ချမယ် ။ အိမ်တွေ ခြံတွေ ကိုသိမ်းမယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်နုအောင် တို့က ခေါ်ယူပြောဆိုပါတယ်"

ကျောက်တော်မြို့နယ် ၊ပေါက်တောပလောင်ကျေးရွာအနီး၊ ကုလားတန်မြစ်ထဲတွင် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီခန့်က စက်လှေနှစ်စင်း တိုက်မိပြီး ကျောင်းဆရာ (၄) ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၂) ဦးတို့ ဒဏ်ရာရရှိသွားသည်။

စစ်တွေမြို့တွင် ကိုးရီးယားကုမ္ပဏီဖြစ်သည့် BXT ကုမ္ပဏီက ဆိပ်ကမ်းတံတားဆောက်လုပ်လှူဒါန်း ပေးမည်ဟု ဆောက်လုပ်ရေးမန်နေဂျာ ဦးအောင်မျိုးသန့်က DMG ကိုပြောသည်။

ဒီကျွဲတွေသေဆုံးမှုဟာ ရာသီဥတုကလည်း မိုးတွင်းကာလဖြစ်တယ်။ သူတို့ တွေက ဒီအတိုင်းပစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ တွေ့ရတယ်။ ရာသီဥတု မိုးများတဲ့အတွက်ကြောင့် အအေးမိပြီးသေနိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းပြောဆိုနိုင်ပါတယ်။ အရင် တုန်းကလည်း ဒီဘက်မှာ မဖြစ်ခဲ့ပါဘူး