- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 4036
- စစ်တွေ
“အဲဒီကလေးတွေဟာ ဗုဒ္ဓဂါယာဘက်မှာ ဧည့်လမ်းညွှန်လုပ်နေကြတာပါ။ သူတို့ရဲ့ အထောက်အထားတွေ တောင်မှာ ကျနော် Facebook မှာ တင်ထားတာတွေကိုလည်း တွေ့မိတယ်။ တကယ်တော့ သူတို့ဟာ ဧည့်လမ်းညွှန် လုပ်နေတဲ့ သူတွေပါ။ AA နဲ့ပတ်သတ်မှုမရှိပါဘူး”
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 11089
- စစ်တွေ
“စစ်ရေးတင်းမာနေတဲ့ အခြေအနေလို့ပြောလို့ရတယ်။တစ်ဖက်မှာ အစိုးရက ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေသလို တစ်ဖက်မှာလည်း စစ်တပ်ဘက်က ထိုးစစ်တွေ အမျိုးမျိုးဆင်နေတယ်”
- Details
- ချလူးအောင်
- Hits: 4525
- မောင်တော
"ဒီကလေးတွေနဲ့ ဘာလုပ်လို့လုပ်ရမှန်မသိတော့ပါဘူး။ဘာမှလည်းမသိ။ဘာမှလည်းမလုပ်တက်တော့ အစိုးရနဲ့ကူညီပေးနိုင်သူတွေက ဘာတွေကူညီပေးမလဲဆိုတာကိုပဲ မျှော်လင့်နေမိပါတယ်။" ဟု ဦးဒူလူ၏ ဇနီး မကော်ရာမ်က ဆိုသည်။
- Details
- ခင်သရဖီဦး
- Hits: 4037
- စစ်တွေ
ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်မောင်ဝင်းနှင့်ပတ်သတ်ပြီး သူ၏သားကို မဲမပေးလျှင် နိုင်ငံရေးလောကက ထွက်ခွာသွားမည်ဟု စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဒေါက်တာအေးမောင်ပြောကြားခဲ့သည်။ ယင်းသို့ပြောကြားပြီး တစ်ရက်အကြာတွင် ရခိုင်အမျိုးသားပါတီက အစည်းအဝေးပြုလုပ်ရန် ပါတီဝင်များကို ခေါ်ယူခြင်းဖြစ်သည်။
- Details
- ခိုင်ရိုးလ
- Hits: 2107
- စစ်တွေ
“ ရခိုင်တစ်ပြည်လုံးမှာ မသန်စွမ်းစာရင်း ၉၀၀၀ ကျော်ရရှိပါတယ်။ အဲဒီ ၉၀၀၀ ကျော်ကို ကနဦးထောက်ပံ့တာ တစ်ယောက်ကို သုံးသောင်းကျပ်ပါ။ စစ်တွေမြို့မှာ တစ်ယောက်ကို ကနဦးအနေနဲ့ ၃၀၀၀၀ ကျပ်နဲ့ သိန်းပေါင်း ၂၀၀၀ကျော်ကို သူတို့လက်ဝယ်အရောက် ပေးအပ်ခဲ့ပါတယ်”

ခိုင်ရိုးလ၊ DMG
စက်တင်ဘာ၂၂၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူ ၉၀၀၀ ကျော်အတွက် ငွေကျပ်သိန်း ၂၀၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်နေ့က ထောက်ပံ့ခဲ့သည်။
မသန်စွမ်းသူဦးရေ ၉၄၂၁ ကျော်အတွက် တစ်ဦးလျှင်ကျပ်ငွေ ၃၀၀၀၀ သောင်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်း ၂၈၀၀ ကျော်ကို စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
“ ရခိုင်တစ်ပြည်လုံးမှာ မသန်စွမ်းစာရင်း ၉၀၀၀ ကျော်ရရှိပါတယ်။ အဲဒီ ၉၀၀၀ ကျော်ကို ကနဦးထောက်ပံ့တာ တစ်ယောက်ကို သုံးသောင်းကျပ်ပါ။ စစ်တွေမြို့မှာ တစ်ယောက်ကို ကနဦးအနေနဲ့ ၃၀၀၀၀ ကျပ်နဲ့ သိန်းပေါင်း ၂၀၀၀ကျော်ကိုသူတို့လက်ဝယ်အရောက်ပေးအပ်ခဲ့ပါတယ်”ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်ခန္ဓာအသန်စွမ်းသူနှင့်ဦးနှောက်မသန်စွမ်းသူများကို ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
Page 527 of 615







