ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာက ကိုမောင်ဖြူဒေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား ထွန်းလင်းအား ရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ်ချက်အစား အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်(၂) နှစ် လျှော့ချသည့် လျှော့ပေါ့ပြစ်ဒဏ်ပေးလိုက်ပြီဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က စက်တင်ဘာလ ၁၈ ရက်နေ့က လွှတ်တော်မှာ ပြောသည်။

ရေနံတင်သဘောင်္များ ဝင်/ထွက်လျင် စွန့်ပစ်ရည်များ၊ သင်္ဘောကိုယ်ထည်ထိန်းရေများစွန့်ပစ်မှု မရှိရအောင် စစ်ဆေးပေးရန်နှင့် ရေအရည်အသွေးကို ရေမျက်နှာပြင်၊ ရေအတွင်းပိုင်းတို့နှင့် ကမ်းပြင်ပိုင်းတို့မှရေများကို စစ်ဆေးပေးရန် စသည့်အချက်များကိုတင်ပြခဲ့ကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်မှ ပြောသည်။

နံသာတောင်ကျေးရွာသည် ပြီးခဲ့သည့် သြဂုတ်(၂၅)ရက်နေ့က  ARSA အကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် ကျေးရွာ များအနက် ပြန်လည်တည်ဆောက် ရေးမလုပ်နိုင်သေးသော ကျေးရွာတစ်ခုဖြစ်သည်။

မာန်အောင်မြို့နယ်၊ ရဲကျွန်းတောင်ဘက်ရွာ နှင့် မြောက်ဘက်ကျေးရွာ အကြားရှိ မီးတောင်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လယ်ယာမြေ တစ်ဧကခန့် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

 “ကျွန်တော်တို့ ၁၂ နာရီကျော်လောက်ကနေ ဆေးခန်းရှေ့ကိုရောက်နေကြတာ၊ ဆေးခန်းက ၁ နာရီမှစတင်ပြီး  လူနာစာရင်း လက်ခံမယ်ဆိုလို့ စောင့်နေကြတာ။ စာရင်းပေးဖို့ တံခါးဖွင့်လိုက်တော့ မှတ်တမ်းစာအုပ်တွေ တင်ကြတယ်။ အဲဒီမှာ လူတစ်ယောက်ဝင်ပြီးတော့ ဓာတ်ပုံရိုက်တာနဲ့ပတ်သက်ပြီး ဆေးခန်းကတာဝန်ရှိသူတွေ နဲ့ စကားများကြလို့ ဆေးခန်းပိတ်လိုက်ပြီလို့ပြောတယ်”