ယခုနှစ် ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ရောက်ရှိလာသည့် နယ်စပ်ကုန်သွယ်ရေး ရေယာဉ်ပေါ် လိုက်ပါလာသူတစ်ဦးထံတွင် ကိုဗစ်-19 ရောဂါပိုးတွေ့ရှိပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ပါတီတည်း အနိုင်ရရှိခြင်းမှာ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးရေချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏မိတ်ဖက် အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုးမောင်က စွပ်စွဲပြောဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံထားသည့် ကျောင်းသားများအား လွတ်မြောက် ရေးအတွက် ယနေ့ နိုဝင်ဘာ(၂၆)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ UN ရုံးရှေ့တွင် ဂျပန်ရောက်တိုင်းရင်းသား များက ဆန္ဒပြတောင်းဆိုခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ်အား အတည်ပြုပြဌာန်းပေးရန် ကုလသမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံလွှတ်တော်သို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဘဏ်မှငွေထုတ်ပြီးပြန်လာသည့် ပဒါကျေးရွာသားတစ်ဦးအား တုတ်၊ဓါးများကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။