- Details
- ချလူးအောင်
- Hits: 4931
- မောင်တော
မောင်တောမြို့နယ် ၊သဲချောင်းကျေးရွာအုပ်စု ၊မော်လဝီကျေးရွာတွင် အမည်မသိဘင်္ဂလီ ၈ဦး ခန့်က ရွာထဲသို့ဝင်လာပြီးကျေးရွာသားများထံမှရွှေ၊ငွေများကိုလုယူသွားသည်ဟု နံသာတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက DMG ကို ပြောသည်။
- Details
- ခိုင်ရိုးလ
- Hits: 1614
- စစ်တွေ
“ မြို့သူမြို့သားတွေ၊ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီလိုမျိုးအမှိုက်ကောက်တဲ့အလေ့ကျင့်က တစ်ပတ်တစ်ခါတော့လုပ်သင့်တယ်လို့ထင်တာပေါ့။ အခုလိုအမှိုက်တွေရှုပ်ပွနေတာက စစ်တွေမြို့သူ မြို့သားတွေရဲ့လိုအပ်ချက်ပါ။ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုထိန်းသိမ်းရေး အရမ်းအားနည်းနေတာတွေ့ရတယ် ”
- Details
- ခင်သရဖီဦး
- Hits: 684
- စစ်တွေ
“ဆန်းဈေးနူန်းကတော့ အခုလိုအချိန်မျိုးတွေဆို နှစ်တိုင်းလိုလိုဈေးတက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စပါးရှားပါးချိန်ဖြစ်လာတယ်။နောက်ပြီး စပါးကိုဈေးပိုပေးပြီး ၀ယ်ရတာကြောင့် ဆန်တွေက ဈေးတက်လာ တာများပါတယ် ”
- Details
- ခိုင်ရိုးလ
- Hits: 5953
- စစ်တွေ
“ ရသေ့တောင်မှာ ကျွန်တော့သား တော်တော်အခြေနေကောင်းမယ်လို့ ထင်တယ်။ ကျွန်တော့ဇာတိမြို့ဖြစ်လို့ ကျွန်တော်ပြိုင်ခိုင်းထားတာ တကယ်တမ်း ကျွန်တော့သားကို ရသေ့တောင်ပြည်သူတွေက မဲမပေးခဲ့ဘူးဆိုရင် ရခိုင့်နိုင်ငံရေးလောကမှာ မနေတော့ဘူး။ ကျွန်တော့ကိုယ်စား မဲပြိုင်ဖို့ တာဝန်ပေးထားတာ”

ခိုင်ရိုးလ DMG
စက်တင်ဘာ ၁၄၊ စစ်တွေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမည်ပြောင်းခိုင်းထားသည့် အဖရခိုင်ပါတီကို ရခိုင်ဦးဆောင်ပါတီ သို့မဟုတ် ရခိုင်ရှေ့ဆောင်ပါတီအဖြစ် အမည်ပြောင်းမည်ဟု ပါတီဦးဆောင် တည်ထောင်သူ ဒေါက်တာ အေးမောင်က ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြောသည်။
“ အဖရခိုင်ပါတီဟာ ကျွန်တော်တည်ထောင်တဲ့ပါတီ။ နာမည်ပြောင်းခိုင်းတဲ့အခါ ရခိုင်ဦးဆောင် ပါတီဖြစ်မှာလား ရခိုင်ရှေ့ဆောင်ပါတီဖြစ်မှာလား ကျွန်တော်တို့ညှိနှိုင်းနေကြတယ်” ဟုပြောသည်။
ယင်းပါတီကို တည်ထောင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာလအတွင်းတွင် မှတ်ပုံတင်မည်ဟု ပါတီတည်ထောင်သူများက ပြောသည်။
အဖရခိုင်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “အဖ”ဟူသည့်စကားလုံးပါဝင်နေမှုကြောင့် လက်ခံခြင်းမပြုဘဲ တခြားနာမည်တစ်ခုပြောင်းရန် သြဂုတ်လ ၃၁ ရက်နေ့က ခေါ်ယူသတိပေးခဲ့သည်။
အဆိုပါ အဖရခိုင်ပါတီ၏ ဦးဆောင်သူများထဲတွင် ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်းလည်းပါဝင်ပြီး ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် သူ့သား အနိုင်မရခဲ့လျှင် ရခိုင့်နိုင်ငံရေးလောကကို ကျော့ခိုင်းသွားမည်ဟုလည်း ပြောသည်။
“ ရသေ့တောင်မှာ ကျွန်တော့သား တော်တော်အခြေနေကောင်းမယ်လို့ ထင်တယ်။ ကျွန်တော့ဇာတိမြို့ဖြစ်လို့ ကျွန်တော်ပြိုင်ခိုင်းထားတာ တကယ်တမ်း ကျွန်တော့သားကို ရသေ့တောင်ပြည်သူတွေက မဲမပေးခဲ့ဘူးဆိုရင် ရခိုင့်နိုင်ငံရေးလောကမှာ မနေတော့ဘူး။ ကျွန်တော့ကိုယ်စား မဲပြိုင်ဖို့ တာဝန်ပေးထားတာ” ဟု ၎င်းက ဆိုသည်။
အဖရခိုင်ပါတီသည် ပါတီတည်ထောင်ခွင့်ကို ဖေဖော်ဝါရီလအတွင်းက လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပါတီခွင့်ပြုချက်မကျသေးသောကြောင့် ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးတင်မောင်ဝင်းကို တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည
- Details
- အောင်ကောင်းဇော်
- Hits: 1738
- သံတွဲ
“ဒီနေ့ မနက် ၆နာရီလောက်က အဲမှာဖုန်းတိုင်ထောင်ဖို့အတွက် ကရိန်းနှင့်မတာကနေ အထက်က မီးကြိုးကို ထိပြီး ဓာတ်လိုက်တာပါ အားလုံးစုစုပေါင်း ၆ ယောက်ပေါ့ ။ အဲဒီထဲက ၂ ယောက်က သေသွားတယ၊် ကျန်တဲ့ လေးယောက်မှာ ဆေးကုသနေတယ် အဲဒီထဲဆက်သွယ်ရေးဦးစီ ဦးကျော်စွာမြင့် ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ် ရန်ကုန်ဆေးရုံကို ပို့ဖို့လုပ်နေပါတယ်"
Page 531 of 615








