အဆိုပါ မိန်းကလေးငယ်မှာ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်တွင်နေထိုင်သူ မဖြူဖြူစိုးဖြစ်သည်။ မဖြူဖြူစိုးသည် လက်ရှိ တရုတ်တွင် စပျစ်ခြံတစ်ခု၌ အလုပ်လုပ်နေသည်ဟု ရဲစစ်ဆေးချက်များအရ သိရသည်။

 လူကုန်ကူးမှုဖြစ်ရတဲ့ အဓိကအကြောင်းအရာကတော့ ဒေသဖွံ့ဖြိုးတိုးတက်မှုမရှိလို့ပါ။ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။  ပြီးတော့ ဆင်းရဲပြီးနွမ်းပါးပြီး ပညာမတတ်တာကြောင့်လည်းပါတယ်။ နောက်ပြီးတော့  ဗဟုသုတမရှိတာကြောင့်လည်းဖြစ်ပါတယ်။

 ကျွန်တော်တို့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေမှာ ရခိုင်၊ ဟိန္ဒူ၊ မူစလင်၊ မြို၊ သက်၊ ဒိုင်းနက် စတဲ့ လူတွေ နေထိုင်ဖို့ အတွက်ကို ဆောက်လုပ်လှူဒါန်းဖို့ လုပ်နေပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အပိုင်းတွေမှာ လိုအပ်နေတယ်ဆိုလို့ရှိရင်လည်း အိန္ဒိယအနေနဲ့ အတတ်နိုင်ဆုံးကူညီဖို့ အဆင်သင့်ရှိပါတယ်

“ဒီမုခ်ဦးမှာ ဗိသုကာလက်ရာတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရခိုင်ဂုဏ်ဆောင် ဗျာလရုပ်ထု ၂ ခုပေါ့လေ ။ဒါကြောင့် ပညာရှင်တွေ ရှာဖွေရတာ။ သွန်းလုပ်ရတာအချိန်ကြန့်ကြာပါတယ်။ နောက်ပြီး မိုးရာသီဖြစ်နေပါတယ်"

ဒေသခံတိုင်းရင်းသားတွေ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်တဲ့အခါမှာ ငွေကြေးတံစိုး လက်ဆောင် ပေးရတယ်။ ပြီးတော့ လ၀ကရုံးက အကြောင်းအမျိုးမျိုးပြတာကြောင့်  ရုံးချိန်အကြိမ်ကြိမ် သွားနေရ တယ်။ အခုလိုသွားလာနေရတာကြောင့် ငွေကုန်ကျမှုများပါတယ် ။ နိုင်ငံသားစီစစ်ရေးကဒ် မရဘဲ အခက်တွေ့နေ ရပါတယ်