“ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် လူထုတစ်ရပ်လုံးက ဆန္ဒရှိတယ်ဆိုရင် အဲဒီဆန္ဒကို အစိုးရနားသို့ပေါက်ကြားနိုင်အောင် ပြောစွမ်းဆိုစွမ်းရှိတဲ့ သူတွေသွားပြီးတော့ ဆွေးနွေးရမယ်။ အခုပြည်နယ်မှာ လုပ်တာထက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ ကိုယ့်ဒေသမှ အမတ်တွေက တင်ပြဆွေးနွေးမှ ထိရောက်မယ်ထင်ပါတယ် ”

မနက်ပိုင်းတွင် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲလက်ခံရေး စခန်းသို့ စတင်ဘာလ(၄)ရက်နေ့ က ဘင်္ဂလီ(၆)ဦး ပြန်လည်ဝင်ရောက်လာသည်ဟု ယင်းစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများပိုင်ဆိုင်သည့်လယ်ယာမြေများနှင့် ဘင်္ဂလီများပိုင်ဆိုင်သည့် လယ်ယာမြေများကို ကွဲကွဲပြားပြား သိစေရန်အတွက် သြဂုတ်လ တတိပတ်ကစတင်ပြီး စာရင်းကောက်ယူနေပြီဖြစ်သည်ဟု  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးကျော်လွင်ပြောသည်။

ဘူသီးတောင်မြို့နယ်မှာ ဆရာ၊ဆရာမ အင်အား မလုံလောက်တဲ့အတွက်  ခန့်းပေးနိုင်ခြင်းမရှိသေးတာပါ။ မူလတန်း ကျောင်း(ခွဲ) ဆိုတော အနိမ့်ဆုံး အဆင့်ကျောင့်ခွဲးပါ ။ ကျောင်း(ခွဲ)မှာ အမှန်တကယ် ဆိုရင်တော့ ဆရာ/ဆရာမ (၂)ဦးခန့်ထားရမှာပါ ။အဲဒီ ကျေးရွာ က လျှောက်ထားတဲ့ နှစ်က မူလတန်းကျောင်း(ခွဲ) အဖြစ်သတ်မှတ်ပေးလိုက်တဲ့ ကျောင်းတွေ များသွားတဲ့အတွက် ဆရာ/ဆရာမတွေ ခန့်ထားခြင်း မရှိနိုင်သေး ပါဘူး

မောင်တောမြို့နယ်၊သင်္ဘောကွေ့ကျေးရွာ တည်ထောင်သူ ဦးထွန်းမြင့်ဦး နှင့် ဇနီး ဒေါ်ဥမ္မာကျော်တို့ကို  မောင်တောမြို့ တရားရုံး၌ ယနေ့ စက်တင်ဘာလ(၃)ရက်နေ့တွင် (၁၁)ကြိမ်ရုံးထုတ်ပြီး တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သူ၏ရှေ့နေတစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က ပြောသည်။